အပိုင်း(၇၄)

3.9K 309 3
                                    

ဧည့်ခန်းတံခါးကလဲပွင့်နေပြီး ချန်ကျင်နဲ့သူစကားပြောတဲ့အသံကလဲကျယ်တော့ သူမသေသေချာချာကြားသွားမှာ။စုရန်ကတော့ ဒါကိုဂရုမစိုက်တဲ့ပုံဘဲ။

စုန့်ထင်ယွီဘာမှမပြောဘဲသူမကိုရပ်ကြည့်နေတာကိုတွေ့တော့ သူမလဲဘာလုပ်ရမှန်းမသိတာနဲ့ သူမလက်ထဲကနွားနို့ခွက်ကို သူ့ကိုလှမ်းပေးလိုက်ပြီး: 'သောက်ဦးမလား?'

စုန့်ထင်ယွီ သူမကိုထမင်းစားခန်းကိုခေါ်သွားပြီး: 'စုရန် ကိုယ်ဗိုက်ဆာတယ်။ကိုယ့်အတွက်တစ်ခုခုချက်ပေး'

ဒီည ထန်ဇီချူနဲ့သူသွားမတွေ့ခင်ကလဲဘာမှဟုတ်တိပတ်တိစားမသွားဘူး။အဲ့ဒါကိုစုရန်သိတော့ နို့ခွက်ကိုစားပွဲပေါ်ကိုတင်လိုက်ပြီး ပြောလိုက်တယ်: 'ရှင်ဒီမှာခဏထိုင်စောင့်ဦး'

သူမမီးဖိုခန်းထဲကိုဝင်သွားပြီး ရေခဲသေတ္တာကိုဖွင့်ကြည့်ပြီး ခဏလောက်စဉ်းစားနေလိုက်တယ်။ဘာလို့လဲဆိုတော့ စုန့်ထင်ယွီဘာကိုကြိုက်မှန်းသူမမသိလို့။အဲ့ဒါကြောင့် ဒီအတိုင်းသူမကြက်ဥ တခြားချက်စရာတွေနဲ့ခေါက်ဆွဲ‌ဘဲကိုရေခဲသေတ္တာထဲကနေယူလိုက်တယ်။

သူမချက်နေတုန်း စုန့်ထင်ယွီအထဲကိုဝင်လာတော့ သူ့ကိုမေးလိုက်တယ်: 'ခေါက်ဆွဲဆိုရင်အဆင်ပြေလား?'

စုန့်ထင်ယွီကအစားကြေးများတဲ့လူမဟုတ်ဘူး: 'ပြေပါတယ်'

'အဲ့ဒါဆိုရင် ရှင်အပြင်မှာဘဲစောင့်နေလေ။ပြီးတော့မှာပါ' သူမဟင်းချက်နေတုန်းတစ်ယောက်ယောက်ကကြည့်နေလို့ရှိရင် သူမအတွက်အဆင်မပြေဘူးလို့ခံစားရလို့။

စုန့်ထင်ယွီခေါင်းညိတ်ပြီး အပြင်ကိုပြန်ထွက်သွားလိုက်တယ်။

ဒီညသူထူးဆန်းနေတယ်လို့စုရန်ထင်တယ်။သူမတို့ညစာစားနေတုန်းကသူထွက်သွားတာကိုစဉ်းစားမိပြီး သူမနည်းနည်းတော့နားလည်လာတယ်လို့ထင်တယ်။

စုရန်လုပ်တာကိုင်တာမြန်တော့ ခဏလေးအတွင်းမှာ ခေါက်ဆွဲပူပူပန်းကန်ကို
စုန့်ထင်ယွီရှေ့ကိုယူလာပြီး ချထားလိုက်တယ်။

စုန့်ထင်ယွီ တူကိုယူပြီးစစားလိုက်တယ်။သူစားနေရင်းနဲ့နားထင်ကိုနှိပ်နေတာကိုစုရန်ကြည့်ပြီး မေးလိုက်တယ်: 'ရှင်ပင်ပန်းနေလို့လား?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now