အပိုင်း(၁၆၄)

1.7K 129 0
                                    

အခုအချိန်မှာသူမစိတ်ထဲကနေဘဲသူ့လုပ်ရပ်ကိုကျိန်ဆဲနေရတယ်။အပြင်မှာတော့ဘာမှမလုပ်ရဲဘူး။

သူမရယ်နေတာရပ်သွားတာကိုတွေ့တော့မှစုန့်ထင်ယွီကျေနပ်သွားတယ်။

စုရန်အတွင်းခံအထုပ်ကိုကြမ်းပြင်ပေါ်ကိုချထားလိုက်ကာစုန့်ထင်ယွီကိုတွန်းလိုက်ပြီး: 'မြန်မြန်ရေသွားချိုးတော့'

'အတူတူချိုးရအောင်'

'ကျွန်မအခုဘဲချိုးပြီးတယ်'

သူ့စိတ်ထဲမှာဒီအတွေးတွေဘဲရှိနေတာကိုစုရန်သိပေမယ့် အခုသူပင်ပန်းနေတာကိုတွေ့တော့သူ့နားထင်ကိုနှိပ်ပေးလိုက်ပြီး: 'ဘာဖြစ်လို့လဲ?အလုပ်ကပြဿနာရှိလို့လား?' အမှန်တော့သူမလဲစီးပွါးရေးလောကအကြောင်းကိုနားမလည်တော့သူ့ကိုအကူအညီမပေးနိုင်ပေမယ့်သူစိတ်သက်သာရအောင်သူပြောတာတွေကိုတော့နားထောင်ပေးလို့ရတယ်လေ။

စုန့်ထင်ယွီလဲဒီအခြေအနေကိုအခွင့်ကောင်းယူပြီးသူမပေါင်ပေါ်မှာအိပ်လိုက်ကာ: 'ကိုယ်လူတစ်ယောက်ကိုစုံစမ်းခိုင်းထားပြီးပြီ...'

သူပြောချင်တာကိုစုရန်သိတယ်။ပိုင်ချီရွေ့ရဲ့သရုပ်မှန်နဲ့ပတ်သက်နေတဲ့ကိစ္စဘဲ။

'ဘာတဲ့လဲ?'

စုန့်ထင်ယွီခေါင်းခါလိုက်ပြီး: 'အဖြေကိုတော့မသိရသေးဘူး။ဒါပေမယ့်စုရန် ကိုယ့်အမေအရင်းကတစ်ခြားတစ်ယောက်ထင်တယ်...' သူဆက်ပြောလိုက်တယ်: 'အဖေနဲ့အဖွားကကိုယ့်ကိုနှစ်၂၀လုံးလုံးလိမ်ထားခဲ့တာ...'

စုရန်ဒီဘက်ကိုလှည့်ကြည့်လိုက်တော့သူနဲ့အကြည့်ချင်းဆုံသွားပြီး: 'သူတို့ဘာလို့ဒီလိုလုပ်ရလဲဆိုတာအကြောင်းပြချက်တော့ရှိမှာဘဲ။အဲ့ဒါကရှင့်အတွက်ထင်တယ်...' သူ့ကိုသူမတခြားလျှောက်မတွေးစေချင်ဘူး။သူတို့အဖြေကိုစောင့်ရမှာဘဲမဟုတ်လား?

သူမသူ့ပုခုံးကိုပုတ်လိုက်ပြီးအိပ်ယာပေါ်ကနေဆွဲထူလိုက်ကာ: 'မြန်မြန်ရေသွားချိုးတော့။ရေချိုးပြီးရင်ကျွန်မဆံပင်သုတ်ပေးမယ်'

စုန့်ထင်ယွီမေးထောက်ပြီးထိုင်လိုက်ကာပြုံးလိုက်ပြီး: 'မင်းဘာလို့ဒီနေ့ကြင်နာနေရတာလဲ?ဒါမှမဟုတ်ရင်မင်းကိုယ့်ကိုရေချိုးပေးပါလား?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now