အပိုင်း(၅၈)

4.3K 333 8
                                    

သူမစဉ်းစားရင်းနဲ့အိပ်ပျော်သွားတယ်။ပြီး‌တော့သူမဖုန်းသံမြည်လာတော့ပြန်နိုးလာခဲ့တယ်။

သူမလဲအိပ်ချင်မူးတူးနဲ့ဖုန်းကိုယူပြီးကြည့်လိုက်တော့ စုန့်ထင်ယွီဖုန်းနံပါတ်ဖြစ်နေတယ်။

သူမအံ့ဩသွားပြီးအိပ်ချင်စိတ်တွေတောင်ပျောက်သွားတယ်။ပြီးတော့သူမဖုန်းကိုပြန်‌ဖြေလိုက်တယ်: 'စုန့်ထင်ယွီ...'

'စုရန် ကျွန်တော်ပါ' ဖုန်းဆက်တဲ့လူကစုန့်ထင်ယွီမဟုတ်ဘဲတခြားနူးညံ့တဲ့အသံဖြစ်နေတယ်။စုရန်စဉ်းစားကြည့်လိုက်ပြီး ဘယ်သူလဲဆိုတာကိုသိသွားတယ်: 'လုကျန့်လား?'

'ဟုတ်ပါတယ်။မင်းအခုအားလား?စုန့်ထင်ယွီကိုလာခေါ်ပါဦး'

စုရန်မတ်တပ်ရပ်လိုက်ပြီး: 'သူဘာဖြစ်လို့လဲ?'

'သူမူးနေပြီ။ကျွန်တော်တို့ကအခုစုဟန်ဘားမှာပါ။ကျွန်တော့်ဇနီးကနေလို့မကောင်းလို့ပြန်လာဖို့ခေါ်နေလို့။အဲ့ဒါကြောင့်ကျွန်တော်မင်းကိုလာခေါ်ခိုင်းရတာပါ။မင်းအချိန်မရှိရင်လဲထန်ဇီချူကိုဖုန်းဆက်လိုက်မယ်လေ..' လုကျန့်အသံကအလျှင်လိုနေတဲ့အသံဖြစ်နေတယ်။

'ကျွန်မလာလိုက်မယ်။လိပ်စာကိုကျွန်မဖုန်းကိုပို့ထားပေးလိုက်လေ'

စုရန်ပြောပြီးတာနဲ့ဖုန်းချလိုက်တယ်။သူမအင်္ကျီလဲလိုက်ပြီး ကုတ်ကိုထပ်ဝတ်လိုက်ပြီး ဖိနပ်စီးလိုက်တယ်။သူမကားသော့ယူပြီး အပြင်ကိုထွက်လာလိုက်တယ်။

သူမတစ်ခါမှစုဟန်ဘားကိုမသွားဖူးပေမယ့် လုကျန့်လိပ်စာပို့လိုက်လို့တော်သေးတယ်။သူမလိပ်စာအတိုင်းရှာလိုက်တာတွေ့သွားတယ်။လုကျန့်ကလဲသူမလမ်းမှားမှာစိုးပြီးစားပွဲထိုးကိုအရှေ့မှာစောင့်ခိုင်းထားတယ်။သူမအထဲဝင်လာတော့ စားပွဲထိုးသူမဆီကိုလာပြီးမေးလိုက်တယ်: 'စုန့်ကတော်လားမသိဘူး?'

စုရန်ခေါင်းညိတ်ပြလိုက်တယ်။

'ဥက္ကဌစုန့်ကဟိုမှာပါ။ကျွန်တော်နဲ့လိုက်ခဲ့ပါ'

စုရန်လဲစားပွဲထိုးအနောက်ကနေသီးသန့်ခန်းထဲကိုလိုက်လာလိုက်တယ်။အခန်းထဲမှာပုလင်းအလွတ်တွေအများကြီး ကြမ်းပြင်ပေါ်မှာရော စားပွဲပေါ်မှာရော။သူတို့တွေအရက်အများကြီးသောက်ထားကြတယ်ထင်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးTahanan ng mga kuwento. Tumuklas ngayon