အပိုင်း(၇၁)

3.9K 308 4
                                    

စုန့်ထင်ယွီ TVကိုလက်ညှိုးထိုးပြလိုက်ပြီး: 'ဆရာကျို့ အနက်ရောင်အနွေးထည်ဝတ်ထားတာခင်ဗျားမဟုတ်လား?'

ကျို့ရှောင်မျက်နှာပျက်သွားပြီး သူဝန်မခံချင်တော့ ရယ်လိုက်ကာ: 'စုန့်ထင်ယွီ အဲ့တာကငါဆိုတာကိုမင်းဘယ်လိုသိလဲ?ဒီဗီဒီယိုကဝါးနေတာ။‌လူတွေကိုသေသေချာချာမြင်ရတာမဟုတ်ဘူးလေ'

စောစောတုန်းကကျို့ရှောင်ဘေးမှာထားထားတဲ့အင်္ကျီကို စုန့်ထင်ယွီပစ်ပေးလိုက်ပြီး: 'ဒီအင်္ကျီက ဗီဒီယိုထဲကအင်္ကျီနဲ့မတူဘူးလား?'

ကျို့ရှောင်ဒီကိုလာရင်ဒီအင်္ကျီဘဲဝတ်တယ်ဆိုတာကိုမေ့သွားတယ်။သူဒီကိုလာတာကအမျိုးသမီးအနုပညာရှင်တွေနောက်ကို‌လိုက်ဖို့။သူတို့တွေဒီကိုဒါရိုက်တာတွေ ရင်းနှီးမြှုပ်နှံသူတွေနဲ့တိတ်တိတ်လေးလာပြီး ဖောက်ပြန်နေကြတာလားဆိုတာကိုလိုက်ကြည့်တာ။သူအဲ့ဒါတွေကိုကြည့်ပြီး ခေါင်းစီးသတင်းဖြစ်နိုင်မဖြစ်နိုင်ဆုံးဖြတ်တာ။

'ဒီလိုလူတိုင်းဝတ်ကြတဲ့အဝတ်အစားက....' အမှန်တော့ ကျို့ရှောင်ချွေးပြန်နေပြီ။

ထန်ဇီချုစာရွက်ကိုစုန့်ထင်ယွီကိုလှမ်းပေးလိုက်တော့ သူစာရွက်ကိုဖြန့်ကြည့်လိုက်ပြီး ကျို့‌ရှောင်ရှေ့မှာချလိုက်ကာ: 'ဒါကဗီဒီယိုထဲမှာပါတဲ့လမ်းဘေးconvenient storeဆိုင်ရဲ့ဖုန်းနံပါတ်ဘဲ...'

ကျို့ရှောင်မျက်နှာပိုပြီးဖြူဖျော့လာပြီး: 'ဥက္ကဌစုန့် ဘာပြောနေလဲဆိုတာကိုကျွန်တော်တကယ်မသိဘူး'

စုန့်ထင်ယွီခြေထောက်တွေကိုချိတ်ပြီးဆို‌ဖာပေါ်မှာမှီပြီးထိုင်လိုက်ကာ သူ့နှုတ်ခမ်းမှာအန္တရာယ်ရှိတဲ့အပြုံးတစ်ခုပေါ်လာပြီး: 'ကျို့ရှောင် တကယ်တော့ခင်ဗျားကဉာဏ်ကောင်းပါတယ်။ဒီကမ္ဘာပေါ်မှာ 'ဉာဏ်ပညာကြီးမားသူကဉာဏ်ပညာရဲ့သားကောင်ဖြစ်လာနိုင်တယ်' ဆိုတဲ့စကားရှိတာ ခင်ဗျားကြားဖူးမလားတော့မသိဘူး' သူ့ဖြေးဖြေးလေးနဲ့လေးလေးနက်နက်ပြောနေတာ ကြားရတဲ့လူကိုတကယ်ဘဲအေးခဲစေနိုင်တယ်။

'ခင်ဗျားကိုလူတွေသံသယမဝင်ရအောင် ခင်ဗျားရဲ့ကိုယ်ပိုင်ဖုန်းနဲ့အိမ်ဖုန်းကိုမဆက်ဘဲ  အပြင်မှာသွားဆက်တယ်။ခင်ဗျားအိမ်နဲ့နီးရင်မလုံခြုံမှာလဲစိုးရိမ်ပြန်တယ်။အဲ့ဒါကြောင့်အိမ်နဲ့ဆန့်ကျင်ဘက်နေရာကိုသွားပြီး convenient storeမှာသွားဆက်တယ်'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now