အပိုင်း(၁၁-၁)

4.9K 346 0
                                    

'သူအလုပ်များနေတယ်'
'သူအလုပ်များနေတာငါသိတယ်။ဒါပေမယ့်ဒီနေ့ငါ့မွေးနေ့လေ။မေ့နေတာလား?'ငါဝမ်ရှီကိုအိမ်ခေါ်ပြီးသွားပြီ။နင်နဲ့ထန်ယွီနဲ့လိုက်လာခဲ့လိုက်'
စုဟုန်စကားပြောပြီးတာနဲ့စုရန်ပြန်ပြောတာကိုမစောင့်ဘဲဖုန်းချသွားတယ်။
စုန့်ထင်ယွီကိုအိမ်ခေါ်ဖို့အတွက်ဝမ်ရှီကိုရုတ်တရက်ခေါ်သွားလိမ့်မယ်လို့သူမမထင်ထားခဲ့ဘူး။စုရန်ပြန်ဖို့ပစ္စည်းတွေသိမ်းလိုက်တယ်။
ထျန်မီစုရန်တို့သားအဖနှစ်ယောက်ပြောနေတာကိုကြားပြီးသူမကိုဆွဲထားပြီးတားလိုက်ကာ:'နင်အခုဘယ်သွားမလို့လဲ?'
စုရန်လည်စင်းကိုပြင်ပတ်လိုက်ရင်းတိုးညင်းတဲ့အသံလေးနဲ့ပြောလိုက်တယ်:'စုန့်ထင်ယွီဆီကိုသွားပြီးအိမ်ကိုခဏလိုက်ပေးဖို့ပြောမလို့'
ထျန်မီမျက်မှောင်ကျုတ်လိုက်ပြီး:'စုန့်ထင်ယွီကနင်နဲ့အိမ်သွားမလို့သဘောတူပါ့မလား?'
သူတို့အားလုံးစုန့်ထင်ယွီစုရန်ကိုမကြိုက်ဘူးဆိုတာသိကြတယ်။သူ့မျက်လုံးထဲမှာစုဟုန်နဲ့စုရန်ကိုတူတူဘဲလို့ထင်နေတာ။ဒါကြောင့်သူဘယ်လိုလုပ်ပြီးစုအိမ်ကိုသွားချင်ပါ့မလဲ။
'ငါလဲမတတ်နိုင်ဘူး။သူ့ကိုမေးကြည့်ရမှာဘဲ'
ကော်ဖီဆိုင်ကနေစုန့်ထင်ယွီဆီသွားတဲ့လမ်းမှာသူမဘယ်လိုလုပ်ပြီးသူ့ကိုစုအိမ်ကိုသွားခိုင်းရမလဲစဉ်းစားနေမိတယ်။
သူမသူ့ကိုဖုန်းခေါ်ကြည့်တော့မကိုင်ဘူးဖြစ်နေတယ်။ဒါ့ကြောင့်တခုတည်းသောနည်းကစုန့်ထင်ယွီကုမ္ပဏီကိုသွားပြီးသူရှိမရှိကြည့်ရမှာဘဲဖြစ်တယ်။
စုရန်စုန့်မိသားစုဝင်ဖြစ်တာလေးနှစ်ရှိနေပေမယ့်သူမတခါမှပေါ်ပေါ်ထင်ထင်မနေခဲ့ဘူး။သူမတို့မင်္ဂလာဆောင်တုန်းကလဲစုန့်မိသားစုကျေး‌ဇူးကြောင့်သူမဓါတ်ပုံကလူမှုကွန်ယက်ပေါ်မှမရှိခဲ့ဘူး။
အဲ့ဒီတုန်းကလဲသူမကစုဟုန်ရဲ့အငယ်အနှောင်းသမီးဖြစ်ပြီးစုဟုန်ရဲ့တရားဝင်ဇနီးကွယ်လွန်မှသူမအမေကိုလက်ထပ်ခဲ့တာဖြစ်တယ်။
သူမစုန့်ထင်ယွီကိုလက်ထပ်ပြီးစုန့်မိသားစုဝင်ဖြစ်လာတော့တမြို့လုံးကိုအံ့အားသင့်စေခဲ့တယ်။လူတိုင်းကသူမရဲ့လှည့်ကွက်ကတော်ကြောင်း၊သူမ‌အမြင့်ကိုရောက်ဖို့ဆိုဘာကိုဘဲဖြစ်ဖြစ်‌လုပ်ကြောင်းပြောကြတယ်။
ဒါပေမယ့်စုရန်ဒီလေးနှစ်အတွင်းမှာတိတ်တိတ်လေးနေပြီးစုကုမ္ပဏီကိုလဲတခါမှမသွားခဲ့တော့ကုမ္ပဏီမှာသူမကိုသိတဲ့လူမရှိဘူး။
သူမကုမ္ပဏီလဲရောက်ရောreceptionကမေးတော့စုန့်ထင်ယွီကိုတွေ့နိုင်ဖို့သူမဘယ်သူဆို‌တာကိုပြောလိုက်ရတယ်။
အဲ့ဒီအချိန်မှာreceptionကလူအံ့ဩသွားတာကိုစုရန်ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။
သူတို့ကိုလဲအပြစ်တင်လို့မရဘူးလေ။သူမကအထက်တန်းကျတဲ့သူဌေးတွေလိုမဝတ်ခဲ့ဘဲရိုရိုးရှင်းရှင်းလေးဝတ်ခဲ့တာကိုး။
သူမဘယ်သူလဲဆိုတာကိုသိသွားတော့စုန့်ထင်ယွီရုံးခန်းကိုမြန်မြန်ဘဲခေါ်သွားပေးကြတယ်။သူ့အတွင်းရေးမှူးပြောတာကစုန့်ထင်ယွီအစည်းအဝေးခန်းမှာတဲ့။ဒါကြောင့်သူဖုန်းမကိုင်တာကိုး။သူမဆိုဖာပေါ်ထိုင်ပြီးနာရီကိုကြည့်လိုက်တယ်။သူအစည်းအဝေးပြီးတဲ့အထိစောင့်ရုံကလွဲပြီးရွေးချယ်စရာမရှိဘူးလေ။
စုန့်ဝမ်ရှီနေမကောင်းဖြစ်ပြီးကတည်းကစုရန်ရဲ့အာရုံတွေကသူ့ဆီမှာဘဲရှိနေခဲ့တာ။သူ့ကိုပြုစုစောင့်ရှောက်နေရတာနဲ့သူမညဆိုကောင်းကောင်းအိပ်မပျော်ခဲ့ဘူး။အခုဆိုဖာပေါ်မှာထိုင်စောင့်ရင်းနဲ့အစကလဲအိပ်ငိုက်နေတော့သူမအိပ်ပျော်သွားတယ်။
စုန့်ထင်ယွီအစည်းအဝေးပြီးသွားတော့သူ့အတွင်းရေးမှူးဆီကနေစုရန်သူ့ကိုရှာဖို့ကုမ္ပဏီရောက်နေတာသိသွားတယ်။
သူမျက်မှောင်ကျုတ်လိုက်ပြီးရုံးခန်းဆီကိုပြန်လာလိုက်တယ်။
သူတံခါးဖွင့်ပြီးဝင်လာတော့ဆိုဖာပေါ်မှာစုရန်အိပ်ပျော်နေတာကိုတွေ့လိုက်ရတယ်။သူမအရှေ့ကိုလျှောက်သွားပြီးသူမနိုးသွားအောင်တမင်သူ့လက်ထဲကစာရွက်စာတမ်း‌ဖိုင်ကိုစားပွဲပေါ်ပစ်ချလိုက်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWo Geschichten leben. Entdecke jetzt