အပိုင်း(၁၂၀)

2.5K 183 2
                                    

'အင်း'

စုရန်ခေါင်းညိတ်လိုက်ပြီး ရုတ်တရက်
ထျန်မီအော်သံကိုကြားလိုက်ရတယ်။သူမလဲဘာဖြစ်တာလဲဆိုပြီးမေးတော့မလို့လုပ်လိုက်တဲ့အချိန်မှာ ထျန်မီသူမအင်္ကျီအရှေ့ကြယ်သီးတွေကိုဖြုတ်ပြီး သူမလည်ပင်းကိုကိုင်လိုက်ကာ: 'ဘုရားရေ ဒါကဘာတွေလဲ?'

စုရန်လဲခေါင်းငုံ့ပြီးကြည့်လိုက်တော့သူမလည်ပင်းနဲ့ညှပ်ရိုးတွေမှာခရမ်းရောင်နမ်းထားတဲ့အမှတ်တွေကိုတွေ့ပြီးရှက်သွားကာအင်္ကျီကိုမြန်မြန်ပြန်ဆွဲတင်လိုက်တယ်။

စုန့်ထင်ယွီလုပ်ထားတာကိုသူမမေ့နေမိတာ။

ထျန်မီသူမအင်္ကျီကိုပြန်ဆွဲချလိုက်ကာ ခေါင်းတခါခါနဲ့သက်ပြင်းချလိုက်ပြီး: 'ကျွတ်ကျွတ်ကျွတ် နင်ကကိုယ်ဝန်ရှိနေတာလေ။နင့်ကလေးကဘယ်လောက်ဘဲရှိသေးလို့လဲ?အရမ်းကြမ်းရင်မကောင်းဘူးနော်?ကလေးတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ?'

'မဟုတ်ပါဘူး' စုရန် ထျန်မီလက်ကိုရိုက်လိုက်ပြီး: 'နင်ပြောနေသလိုမျိုးမဟုတ်ဘူး။ငါတို့ဘာမှမလုပ်ကြဘူး'

'နင်ငါ့ကိုလိမ်တယ်ပေါ့လေ' ထျန်မီမယုံတဲ့ပုံနဲ့: 'နင်တို့ဘာမှမလုပ်ကြရင်ဒါကဘယ်ကနေရောက်လာတာလဲ?ခြင်ကိုက်တာလို့တော့ငါ့ကိုလာမပြောနဲ့နော်။ခြင်ဆိုရင်ဒီလိုကိုက်ထားမှာမဟုတ်ဘူး။တကယ်ဘဲခြင်ကိုက်တာဆိုရင်ဘယ်လိုခြင်လဲဆိုတာကိုငါသိချင်မိတယ်....'

'ထျန်မီ.....!' စုရန်သူမကိုကြည့်လိုက်ပြီး: 'ငါတို့တကယ်ဘာမှမလုပ်ခဲ့ကြတာ။ငါကအိပ်နေတာ။မနက်ရောက်တော့မှငါလဲသိတာ။သူညတုန်းကဒီလိုမျိုးလုပ်လိမ့်မယ်လို့ငါလဲမထင်ထားခဲ့ဘူး...'

'ကျွတ် ကျွတ် ကျွတ်' ထျန်မီဆိုဖာကိုမှီလိုက်ပြီး စုရန်ကိုစွေကြည့်လိုက်ကာ: 'နင့်ရဲ့ကျန်းမာသန်စွမ်းတဲ့ချစ်ချစ်ကအအခုဘယ်လိုလဲ?သူခက်ခက်ခဲခဲနဲ့သည်းခံနေရတယ်မဟုတ်လား?နင့်ကိုသူတစ်ခုခုကူညီခိုင်းသေးလား?'

'ဟုတ်တယ်' စုရန်မျက်နှာပူလာပြီး: 'သူ့ငါ့ကိုဟိုဟာလုပ်ခိုင်းချင်နေတာ...'

'ဘာလဲ?ဘယ်ဟာလဲ? ထျန်မီသူမနားနားကိုကပ်သွားပြီးတိုးတိုးလေးမေးလိုက်တယ်: 'အဲ့ဒါလား?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now