အပိုင်း(၁၂၈)

2.2K 174 8
                                    

စုရန်စကားမဆုံးခင်မှာဘဲ ထျန်မီဝမ်းနည်းတဲ့အသံနဲ့ပြောလိုက်တယ်: 'ဒါဆိုရင်နင်ဘာလို့ဝိတ်မတက်လာတာလဲ?'

စုရန်ပြုံးလိုက်ပြီး: 'တရုတ်နှစ်သစ်ကူးလို့အိမ်ပြန်တုန်းကနင်အများကြီးစားခဲ့ထင်တယ်'

'ငါ့အမေကငါ့ကိုပိန်တယ်လို့အမြဲထင်နေတာ။ငါတစ်ပတ်ဘဲပြန်တာတောင်အသားတွေရောငါးတွေရောအများကြီးကျွေးလိုက်တာ။ငါသူ့ကြောင့်ဝတုတ်မကြီးဖြစ်တော့မယ်'

ထျန်မီပြောပြီးစိတ်ဆင်းရဲသွားကာထိုင်ချလိုက်တယ်။သူမတီဗီရီမုကိုကိုင်ပြီးဝိတ်ဘယ်လိုချရမလဲဆိုတဲ့ဗီဒီယိုကိုလိုက်ရှာရင်းနဲ့ချန်နယ်တစ်ခုကိုတွေ့သွားတယ်။ရီမုနှိပ်နေတဲ့သူမလက်တွေရပ်သွားပြီးသေသေချာချာကြည့်လိုက်ကာ: 'အခုတလောဒီကြာဖြူမကိုဘဲတွေ့နေရတယ်။‌သူ့ကိုတီဗီ၊သတင်းစာ၊မဂ္ဂဇင်း နေရာတိုင်းလိုလိုမှာကိုတွေ့နေရတာ။ငါစားနေရင်းနဲ့သူ့ပိုစတာကိုတွေ့ရင်စားချင်စိတ်ပါပျောက်သွားရော'

ပိုင်ချီရွေ့အနုပညာလောကထဲပြန်ဝင်လာတာကိုစုရန်အစောကြီးထဲကသိတယ်။ပထမတော့သူမကြော်ငြာတွေရိုက်တယ်။နောက်တော့variety showတွေမှာပါပါလာတယ်။လူတွေရဲ့အားပေးမှုကိုရအောင်သူအမျိုးမျိုးလုပ်နေတယ်။

လူတွေအားလုံးကပိုင်ချီရွေ့ကိုနတ်သမီးလေးလို့မြင်နေကြတာလေ။ဒါ‌ကြောင့်
သူမပြန်ဝင်လာတာကိုလူတွေအများကြီးကလက်ခံပေးကြတယ်။

ပိုင်ချီရွေ့ကိုအားပေးတဲ့လူတွေကအသက်အပိုင်းအခြားမျိုးစုံဘဲ။အိမ်မှာဘဲအမြဲနေတဲ့လူငယ်ကောင်လေးတွေ၊မိန်းကလေးငယ်ငယ်လေးတွေ၊အသက်ကြီးတဲ့ဦးလေးကြီးတွေနဲ့ကလေးအမေတွေ။သူတို့တွေကပိုင်ချီရွေ့ကိုနူညံ့တဲ့မိန်း‌ကလေး သူတို့အတွက်စံပြချွေးမလို့ထင်နေကြတာ။

'အလွန်အကျွံမပြောပါနဲ့' စုရန်ခေါင်းတခါခါနဲ့ပြုံးလိုက်တယ်။

'အပိုပြောနေတာမဟုတ်ဘူး။ငါပြောနေတာအမှန်တွေဘဲ။သူ့မျက်နှာကိုမြင်လိုက်တိုင်းငါအန်ချင်နေတာ။ကျွတ် ကျွတ် ကျွတ် သူ့ကိုကြည့်လိုက်ဦး...' ထျန်မီပြောပြီးတီဗီကိုပြကာ: 'တီဗီထဲမှာဆိုရင်တော့သူ့ပုံစံကအရမ်းကိုနူးညံ့ညင်သာ‌တဲ့လူပေါ။သူကိုလူတွေသနားတာကိုခံချင်နေတာ။ဒါပေမယ့်သူတို့ရဲ့နတ်သမီးလေးကအကျင့်ယုတဲ့မယားငယ်ဆိုတာကိုဘယ်သူသိမှာလဲ?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now