အပိုင်း(၇၇)

3.7K 270 1
                                    

စုန့်ထင်ယွီလက်ထဲမှာbikiniမဟုတ်ဘဲ ရှေးဆန်တဲ့ရေကူးဝတ်စုံကိုကိုင်ထားတယ်။အပေါ်ပိုင်းကကော်လာအမြင့်ဖြစ်ပြီးအောက်ပိုင်းကလဲလုံလုံခြုံခြုံရှိတယ်။အရောင်ကအဆင်ပြေပေမယ့်လဲ နည်းနည်းတော့ရှေးရိုးဆန်တဲ့ဘက်ကိုရောက်နေတယ်။

စုရန်လဲbikiniမဝတ်ချင်ဘူး။အဲ့ဒါကိုဝတ်တာကလူမြင်ကွင်းမှာအတွင်းခံဝတ်ပြီးသွားနေသလိုမျိုးလို့သူမထင်တယ်။သူမဝတ်ကျင့်လဲမရှိတော့ စုန့်ထင်ယွီရွေးထားတာကိုသူမကြိုက်တယ်။

သူမကြည့်လိုက်ပြီး အဲ့ဒါကိုလှမ်းယူလိုက်ကာ: 'ဒီဟာဘဲယူမယ်'

စုရန်ပြောတာကိုကြားပြီးဆိုင်ဝန်ထမ်းလဲအရမ်းကိုအံ့ဩသွားကာ: 'အမလှလှလေး  ဒါကပုံမှန်ခန္ဓာကိုယ်ရှိတဲ့လူတွေဝတ်သင့်တာ။အမလိုလူမျိုးကbikiniဘဲဝတ်သင့်တာ။တကယ်ပြောတာ။ကျွန်မတို့ဆိုင်မှာbikini ပုံစံမျိုးစုံရှိတယ်။ကျွန်မကပုံမှန်ဆိုလူတိုင်းကိုbikiniဝယ်ဖို့မတိုက်တွန်းပါဘူး။ဘာလို့လဲဆိုတော့ လူတော်တော်များများခန္ဓာကိုယ်မလှကြဘူးလေ။အမလို
လူ‌တွေလိုချင်တဲ့ခန္ဓာကိုယ်မျိုးရှိတဲ့လူက bikiniဘဲဝတ်သင့်တယ်'

'မယူတော့ပါဘူး။ကျွန်မဒါဘဲလိုချင်တယ်'
စုရန်လက်ကိုအတင်းခါပြလိုက်တယ်။

'မဟုတ်ပါဘူး။အမလှလှလေး ကျွန်မပြောတာကိုနားထောင်ပါဦး။ဒါဝတ်လိုက်ရင်အမအရမ်းကိုလှသွားမှာ...' ဆိုင်ဝန်ထမပြောပြီး သူတို့ဆိုင်ကအလှဆုံးbikiniကိုစုရန်ကိုယ်ပေါ်မှာကပ်လိုက်ပြီး: 'ဝါး အမလှလှလေးကြည့်ပါဦး။ကျွန်မတကယ်ဘဲအမကိုအားကျတယ်။ အမရဲ့ခါး ၊အမရဲ့ခြေထောက်ရှည်ရှည်တွေ...' သူမမျက်လုံးတွေကစုရန်ရဲ့ရင်ဘက်ကိုရောက်သွားပြီး: 'ဒါကအနည်းဆုတော့cup Cရှိတယ်မလား'

သူမစကားကိုကြားတော့ စုရန်လဲမနေတတ်တော့ဘူး။ပြီး‌တော့လဲ စုန့်ထင်ယွီကိုယ်ကနေ လူ‌တွေကိုအေးခဲစေနိုင်‌ေလာက်တဲ့အအေးလှိုင်းတွေထုတ်လွှတ်နေတာကိုသူမခံစားမိတယ်။ဆိုင်ဝန်ထမ်းလဲအရိပ်အခြေကိုသိတာလားမသိတာလားစုရန်မသိတော့ဘူး။သူမကတော့သူကြည့်နေတာကိုဘာမှမဖြစ်တဲ့အတိုင်းဘဲ စုရန်ကိုbikiniဝယ်ဖို့ချည်းဘဲတိုက်တွန်းနေတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးOnde histórias criam vida. Descubra agora