အပိုင်း(၁၃၄)

2.1K 191 3
                                    

သူမအဲ့ဒီလိုမျိုးတွေကိုကြောက်တယ်။သူမတက္ကသိုလ်ပထမနှစ်တုန်းကအဲ့လိုမျိုးကြုံဖူးတယ်။အဲ့ဒီတုန်းကစီးပွါးရေးမေဂျာကစီနီယာကသူမကိုကြိုက်တယ်လို့ပြောတယ်။သူမအနောက်ကိုလဲအကြာကြီးလိုက်ခဲ့ပေမယ့်သူမကပြန်မကြိုက်ခဲ့ဘူး။ရုတ်တရက်ကြီးတစ်နေ့မှာ သူမအဆောင်ရှေ့ကိုလာပြီး လူတွေအများကြီးရှိနေတုန်းသူမကိုဖွင့်ပြောခဲ့တယ်။

သူကဖယောင်းတိုင်တွေကိုထွန်းထားပြီးပန်စည်းလဲယူလာခဲ့တယ်။သူ့သူငယ်ချင်းတွေကိုအကူအညီတောင်းပြီးသူမအဆောက်ရှေ့မှာ သူမကိုကြိုက်တယ်လို့အကျယ်ကြီးအော်ပြောခဲ့တာ။

အဲ့ဒီတုန်းကလူတိုင်းကစိတ်ကူးယဉ်ဆန်လိုက်တာလို့ပြောပြီးသူမကိုအားကျနေခဲ့ကြတာ။ဒါပေမယ့်စုရန်ကတော့အဲ့ဒီစီနီယာအပေါ်မှာဘာခံစားချက်မှမရှိတော့ အနေခက်နေခဲ့တယ်။လူတွေကသူမကိုလက်ခံလိုက်ဖို့အားပေးခဲ့ကြတယ်။

ဒါပေမယ့်နောက်ဆုံးတော့သူမ‌တောင်းပန်ပါတယ်လို့ဘဲပြန်ပြောခဲ့တယ်။

အဲ့ဒီစီနီယာမျက်နှာချက်ချင်းပျက်သွားခဲ့တယ်။အဲ့ဒီကိစ္စကြောင့်အဲ့ဒီစီနီယာကကျောင်းကလူတွေအတင်းပြောတာကိုခံခဲ့ရတယ်။နောက်စုရန်ကိုသူတွေ့တဲ့အချိန်တိုင်းမျက်နှာမသာမယာဖြစ်နေခဲ့တယ်။

စုန့်ထင်ယွီပုခုံးတွန့်ပြလိုက်ပြီးအရင်လိုလျှို့ဝှက်နေတုန်းဘဲ။

စုရန်လဲတက္ကသိုလ်ကျောင်းသူဘဝကိုစဉ်းစားမိပြီး စိတ်ပူနေမိတယ်။သူ့ရဲ့အင်္ကျီစကိုဆွဲလိုက်ပြီး: 'ရှင်ကြီးကြီးကျယ်ကျယ်တွေမစီစဉ်ထားနဲ့နော်....'

'မင်းဘာကိုကြောက်နေတာလဲ?ဘယ်လောက်ဘဲကြီးကျယ်ကြီးကျယ် အချစ်ကိုပြသတာဘဲလေ။မင်းကိုယ့်ကိုငြင်းလို့မရဘူး။ကိုယ်ဘာဘဲပြောပြောလုပ်ရမှာ။မင်းသေချာပေါက်ခံစားသွားရပြီးငိုနေမှာ။ပြီးတော့မင်းကိုယ့်ကိုဖက်ပြီး ကျွန်မသဘောတူပါတယ်လို့ပြောမှာ'

'.....'

စုရန်သူ့ကိုမျက်စောင်းထိုးလိုက်ပြီး သူမရဲ့ခုံမှာပြန်မှီလိုက်ပြီးမျက်လုံးတွေကိုမှိတ်ထားလိုက်ကာ: 'ကျွန်မအိပ်လိုက်ဦးမယ်'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now