အပိုင်း(၂၉)

4.5K 368 3
                                    

သူမတစ်ချက်တော့ရှက်သွားပြီးနောက်တော့မှပန်းစည်းယူဖို့လက်လှမ်းကာ:  'ကျေးဇူးဘဲ'

'ပန်းက၉၉ပွင့်‌တောင်။ဖေဖေကအထူးအနေနဲ့ရွေးခဲ့တာနော်။သူပြောတယ်အဲ့တာကကမ္ဘာတည်သရွေ့ချစ်နေမယ်လို့ဆိုလိုတာတဲ့' သူခဏရပ်လိုက်ပြီးမှ:  'မေမေကြိုက်ရဲ့လား?'

စုန့်ဝမ်ရှီ ဒီအကြံများတဲ့လူဆိုးလေး။ပန်း၉၉ပွင့်လို့သူဘဲပြောခဲ့တာကို။အခုတော့စုန့်ထင်ယွီအကြံပါဆိုပြီးပြောနေတယ်။

'မေမေကြိုက်ပါတယ်'

'ဒါဆိုဒီနေ့ကအမရန်ရန်ရဲ့မွေးနေ့လား?တောင်းပန်ပါတယ် ညီမတို့အားလုံးမသိခဲ့ဘူး။အမရန်ရန် Happy Birthdayပါ' သူမဘေးကလူတွေအားလုံးတစ်ပြိုင်တည်းပြောလိုက်ကြတယ်။

'ကျေးဇူးပါ'

စုရန်ကထင်ထင်ပေါ်ပေါ်နေတဲ့လူမဟုတ်တော့ ဒီလိုအရာမျိုးတွေကိုသူမဂရုမစိုက်ဘူး။အဲ့တာကြောင့်သူမမွေးနေ့ဆိုရင် ထျန်မီနဲ့လင်ချန်ဟွမ်တို့နဲ့တူတူညစာဘဲစားဖြစ်တယ်။တစ်ခါတစ်လေဆိုရင်သူမမွေးနေ့ကိုယ်တောင်မေ့နေတတ်တယ်။ဒီမှစ်လိုမျိုးပေါ့။

သူမဘေးနားမှာရှိနေကြတဲ့လူတွေကနားလည်မှုရှိကြတယ်။သူမကိုမွေးနေ့ဆုတောင်းပေးပြီးတာနဲ့ အကုန်လုံးအပြင်ထွက်သွားပေးကြတယ်။

တစ်ခဏလေးအတွင်းမှာဘဲ သူတို့သုံးယောက်ဘဲကျန်နေခဲ့တော့‌တယ်။

စုန့်ထင်ယွီကပြောလိုက်တယ်: 'ညစာတူတူစားကြရအောင်?'

'ကောင်းပြီလေ' စုန်ဝမ်ရှီကိုသူ့ဆီကိုစုရန်ပြန်ပေးလိုက်ပြီး: 'ဒီမှာကျွန်မကိုခဏစောင့်ဦး။ကျွန်မအင်္ကျီသွားလဲလိုက်ဦးမယ်'

စုရန်အဝတ်လဲခန်းကိုသွားတော့ စုန့်ထင်ယွီပေါ်မှာမှီပြီး စုန့်ဝမ်ရှီမျက်တောင်လေးပုတ်ခတ်ပုတ်ခက်လုပ်ရင်းမေးလိုက်တယ်:  'ဖေဖေ မေမေ့ကတာလှလား?'

အဲ့ဒီအချိန်မှာစုန့်ထင်ယွီရဲ့စိတ်ထဲမှာ စုရန်ကနေတဲ့ပုံရိပ်တွေနဲ့ပြည့်နေတယ်။သူ့ရဲ့နှလုံးသားကလဲကဆုန်ပေါက်နေပြီး ခဏကြာတော့မှာသူခေါင်းညိတ်ကာ:  'လှတယ်'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now