အပိုင်း(၁၈၂)

1.7K 112 0
                                    

ပိုင်ချီ‌ရွေ့ကွန်ပျူတာကိုပိတ်ပြီးတဲ့အချိန်မှာအပေါ်ထပ်ကိုတက်သွားတဲ့အသံကိုကြားလိုက်တယ်။သူမအရှေ့တံခါးကိုကြည့်လိုက်ချန်မိန်းကလေးဖြစ်နေတယ်။

သူမမှာအိမ်သော့ရှိတယ်လေ။

သူမအလျင်စလိုရောက်လာတာကိုတွေ့တော့ပိုင်ချီရွေ့သူမကိုကြည့်ပြီးပြုံးလိုက်ကာ: 'အမ ဘာဖြစ်လာတာလဲ?ဘာလို့အလျင်စလိုဖြစ်နေရတာလဲ?'

'နင်သတင်းတွေကိုတွေ့ပြီးပြီလား?'

'ဘယ်ဟာလဲ?' ပိုင်ချီရွေ့ကြည့်ရတာဘာ
မှထွေထွေးထူးထူးမရှိတဲ့ပုံနဲ့: 'အခုတလောသတင်းတွေကအများကြီးဘဲလေ'

ချန်မိန်းကလေးလဲချက်ချင်းပြောပြလိုက်တယ်: 'ခေါင်းဆောင်ဟွာသတင်းလေ...'

'အိုး...' ပိုင်ချီရွေ့တည်တည်ငြိမ်ငြိမ်နဲ့ဘဲ: 'အမပြောချင်တာကသူနဲ့ဟိုမော်ဒယ်သတင်းလား?'

'ဟုတ်တယ် အဲ့ဒီမော်ဒယ်မှာရောဂါရှိနေတာလေ။သူအခုတလောအဲ့ဒီမော်ဒယ်နဲ့အတူတူရှိနေတာဆိုတော့ခေါင်းဆောင်ဟွာမှာလဲအဲ့ဒီရောဂါရှိနေမှာဘဲ။အဲ့ဒါဆိုရင်နင်ရောဘယ်လိုဖြစ်မှာလဲ?မနက်ဖြန်ဆေးသွားစစ်ကြည့်ရအောင်..'

ပိုင်ချီရွေ့ခုံအနောက်မှာမှီပြီးထိုင်လိုက်ကာ: 'သိဖို့ကကြာဦးမှာ'

'ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲ?' ချန်မိန်းကလေးမျက်နှာဖြူဖျော့နေပြီ။

'စိတ်မပူပါနဲ့။ကျွန်မဘာမှမဖြစ်ပါဘူး' ပိုင်ချီရွေ့သူမပုခုံးကိုပုတ်လိုက်ပြီး: 'အဲ့ဒီအဖိုးကြီးဟိုမော်ဒယ်နဲ့တွဲကတည်းကကျွန်မသူနဲ့ဘာမှမလုပ်တော့ဘူး'

ချန်မိန်းကလေးထပ်မေးလိုက်တယ်: 'ဘယ်လိုဖြစ်နိုင်မှာလဲ?'

ပိုင်ချီရွေ့ဆေးလိပ်ထုတ်သောက်လိုက်ပြီးအတောက်ပဆုံးပြုံးလိုက်ကာ: 'ကျွန်မပြောခဲ့သားဘဲ တစ်နေ့မှာအဲ့ဒီအဖိုးကြီးမသေမရှင်ခံစားချက်မျိုးကိုခံစားစေရမယ်လို့'

ချန်မိန်းကလေးနောက်ဆုံးတော့နားလည်သွားကာ: 'ဒါဆိုအဲ့ဒီမော်ဒယ်ကိုသူ့ဘေးနားကိုပို့ခဲ့တာနင်လား?အဲ့ဒီမော်ဒယ်မှာHIVရှိနေတယ်ဆိုတာကိုသိနေခဲ့တာလား?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now