အပိုင်း(၅၉)

4.1K 329 3
                                    

သူမတို့နှစ်ယောက်ကြားမှာဒီလိုစကားတွေကပြောဖို့မလိုဘူးလေ။

စုန့်ထင်ယွီသတိလက်လွတ်ဖြစ်သွားတာကိုအခွင့်ကောင်းယူပြီး စုရန်သူ့ကိုတွန်းလိုက်တယ်။သူမအိပ်ယာပေါ်မှာထိုင်လိုက်ပြီးအင်္ကျီကိုပြန်ပြင်ဝတ်လိုက်တယ်။

'သိပ်မကြာခင်မှာဘဲကျွန်မတို့ကအဆုံးသတ်ကြရတော့မှာ။ဒါတွေပြောနေလို့ရောဘာထူးမှာလဲ?တစ်ယောက်နဲ့တစ်ယောက်နားလည်မှုမယူတာကောင်းပါတယ်။

သူ့ကိုလှည့်ကြည့်လိုက်ပြီး:  'ရှင်ကျွန်မကိုခဏစောင့်ဦး'

သူမဆိုဖာဘေးကိုသွားပြီးအိတ်ကိုယူလိုက်တာကိုစုန့်ထင်ယွီကြည့်‌နေလိုက်တယ်။အိတ်ထဲကနေဘူးတစ်ခုကိုထုတ်လိုက်ပြီးအဲ့ဒီဘူးထဲကနေဆေးကိုယူလိုက်တယ်။ပြီးတော့သူမရေယူပြီးဆေးကိုသောက်လိုက်တယ်။

သူလဲကုတင်ပေါ်ကနေထပြီးသူမဘေးကိုသွားလိုက်တယ်။သူအဲ့ဒီဆေးဘူးကိုယူကြည့်လိုက်ပြီး: 'ဒါကဘာဆေးလဲ?'

သူ့လက်ထဲကဆေးဘူးကိုစုရန်ပြန်ယူလိုက်ပြီးစားပွဲပေါ်ကိုပြန်တင်လိုက်တယ်။ပြီးတော့သူအသံတိုးတိုးလေးနဲ့ပြောလိုက်တယ်: 'ဆရာဝန်ကပြောတယ် ဒီဆေးကကိုယ်ဝန်မြန်မြန်ရအောင်လုပ်ပေးနိုင်တယ်တဲ့'

စုန့်ထင်ယွီသူမကိုမျက်ခုံးပင့်ပြီးကြည့်လိုက်တယ်။သူတစ်ခုခုကိုသည်းခံနေရသလိုမျိုးနှုတ်ခမ်းတွေကိုဖိပိတ်ထားပေမယ့် ဘာမှတော့မပြောဘူး။

စုရန်ဆံပင်တွေကိုponytailစီးလိုက်တယ်။သူမကုတ်အင်္ကျီကိုလဲဆိုဖာပေါ်ကိုတင်လိုက်တယ်။ကုတ်အထဲမှာ အဖြူရောင်လည်ပင်းပိတ်ဆွယ်တာအပါးလေးကိုဝတ်ထားတယ်။သူမတုံ့ဆိုင်းခြင်းမရှိဘဲဆွယ်တာကိုလဲချွတ်လိုက်တယ်။

'ဘာလို့ဆက်မလုပ်တာလဲ?' စုန့်ထင်ယွီလက်ပိုက်ပြီးသူမကိုကြည့်နေကာမေးလိုက်တယ်။

စုရန်လဲသူမကိုယ်ပေါ်ကနောက်ဆုံးအင်္ကျီကိုချွတ်လိုက်တယ်။သူမအတွင်းခံတွေကိုကအမဲဝမ်းဆက်ဝတ်ထားတော့ သူမအသားတွေကအရမ်းကိုဖြူစွတ်နေတယ်လို့မြင်ရတယ်။ဒီလိုအမဲရောင်ကိုဝတ်ထားတာကသူမနဂိုအသားအဖြူရောင်ကိုနှင်းလေးတွေနဲ့တူသွားစေတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးOnde as histórias ganham vida. Descobre agora