အပိုင်း(၂၂)

4.5K 356 3
                                    

သူမအများကြီးမတွေးသင့်ဘူး။

'ရှင်အလုပ်သွားသင့်တယ်'

'မင်းငါ့ကိုထိန်းချုပ်တာလား'

စုရန်ခေါင်းငုံ့လိုက်တယ်။ဟုတ်ပါတယ်။သူ့ကိစ္စကသူမနဲ့မှမပတ်သက်တာ။သူ့ကိုလဲသူမထိန်းချုပ်လို့မရနိုင်ဘူးလေ။

သူမတိတ်ဆိတ်နေတာကိုတွေ့တော့ စုန့်ထင်ယွီဘဲဆက်ပြောလိုက်တယ်:  'မင်းအင်္ကျီချွတ်လိုက်။ဆေးထည့်ဖိုအချိန်ရောက်ပြီ'

'ရှင့်ကိုဒုက္ခမပေးချင်တော့ပါဘူး။ကျွန်မဘာသာလုပ်နိုင်ပါတယ်'

စုရန်အသံကအရင်ကလိုဘဲနူးညံ့ညင်သာနေပေမယ့် စုန့်ထင်ယွီကတော့သည်းခံနိုင်စွမ်းကုန်သွားပြီး:  'ကောင်းပြီလေ။မင်းဘာသာလုပ်ချင်တာလုပ်တော့'

သူ့ကုတ်အင်္ကျီကိုသူယူပြီးထွက်သွားလိုက်တယ်။

စုန့်ထင်ယွီရဲ့အပြုအမူကိုဂရုစိုက်နေဖို့သူမမှာအချိန်မရှိဘူး။သူမမှာလုပ်စရာတွေရှိနေသေးတယ်။

စုန့်ထင်ယွီထွက်သွားပြီးတော့ စုရန်လဲအင်္ကျီလဲလိုက်ပြီး သူမရဲ့အကစတူဒီယိုကိုထွက်လာလိုက်တယ်။သူမအဲ့ဒီကိုမရောက်ဖြစ်တာကြာပြီ။ကိစ္စတွေအားလုံးကို ထျန်မီကဘဲဦးစီးနေခဲ့တယ်။

စုရန်ကိုတွေ့တော့ ထျန်မီဝမ်းသာသွားပြီးပြောလိုက်တယ်:  'ရန်ရန် ဒီကိုလာဖို့ဘယ်လိုလုပ်ပြီးအချိန်ရှိသွားတာလဲ?'

'ငါဒီကိုမလာတာလဲကြာပြီလေ။အဲ့တာကြောင့်ခဏဝင်လာကြည့်ချင်လို့'  စုရန်ပြန်ဖြေလိုက်ပြီး သူမရဲ့အကဝတ်စုံကိုလဲဝတ်လိုက်တယ်။သူမဆံပင်တွေကိုစည်းလိုက်ပြီး ခဏလောက်ကမလို့ ထျန်မီနဲ့သူမရဲ့အကခန်းကိုသွားလိုက်တယ်။

ချောင်ချောင်ဆီကနေဂီတနဲ့ပတ်သက်တဲ့စွမ်းရည်ကို စုရန်အမွေမရခဲ့ပေမယ့်လည်း အကမှာတော့သူမပါရမီပါတယ်။

သူမကအကအမျိုးအစားအများကြီးကို ကျွမ်းကျွမ်းကျင်ကျင်ကနိုင်တယ်။ခေတ်သစ်အက၊ဘဲလေးအက၊လက်တင်အကစတာတွေ။

ဘယ်အကကိုမဆို သူမလွယ်လွယ်ကူကူနဲ့သင်ယူနိုင်ခဲ့တယ်။

စုရန်အားအင်တွေကုန်ခန်းတဲ့အထိကပြီးတော့မှရပ်လိုက်တယ်။ထျန်မီရေသန့်ဘူးကို သူမဆီကိုပေးရင်းနဲ့ရယ်ပြီးပြောလိုက်တယ်:  'စုန့်ထင်ယွီက နင့်လိုအဖိုးတန်မိန်းကလေး တန်ဖိုးမထားတတ်တဲ့ မျက်ကန်းကောင်ဘဲ'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWaar verhalen tot leven komen. Ontdek het nu