အပိုင်း(၉-၁)

5.1K 372 2
                                    

'မင်းကိုလွှတ်ရမယ်'စုန့်ထင်ယွီပုံစံကဟာသတခုကိုနားထောင်ရသလိုနဲ့စီးကရက်ကိုင်ထားတဲ့လက်ကိုဆန့်ထုတ်ပြီးမီးသတ်ကာ:'မင်းဒီလိုဖြစ်‌ချင်နေတာမဟုတ်လား?မင်းဆန္ဒကိုဖြည့်ငါကဖြည့်ဆည်းပေးနေတာလေ။ဘာလို့လွှတ်ရမှာလဲ'
'ကျွန်မမဟုတ်...အဟွတ်..အဟွတ်'သူမအသက်ရှူကြပ်ကာမျက်ခုံးနှစ်ဖက်ကွေးသွားတယ်။
ရုတ်တရက်သူမခန္ဓာကိုယ်မြောက်တက်သွားသလိုခံစားလိုက်ရတယ်။သူမလုံးဝမ‌ေမျှာ်လင့်ထားတဲ့အတွက်အလန့်တကြားအော်လိုက်ပြီးသူမတခုခုကိုလှမ်းကိုင်ချင်ပေမယ့်စုန့်ထင်ယွီကချီထားတာဖြစ်လို့သူ့လက်မောင်းကိုဘဲကိုင်လိုက်ရတယ်။
စုန့်ထင်ယွီအေးစက်စွာရယ်လိုက်ပြီး:'စုရန်ဘာလို့အတင်းကိုင်ထားတာလဲ?မင်းပြောတော့မလုပ်ချင်ဘူးဆို?'
ဒီလူကတော်တော်ရက်စက်တဲ့လူဘဲ။သူမကိုလွှတ်ရအောင်အားသုံးကာသူ့နောက်ကျောကိုရိုက်လိုက်တယ်။ဒါပေမယ့်သူအတွက်တော့သူမအားအင်တွေကအရာမထင်သလိုပါဘဲ။
သူမကိုသူအိပ်ယာဆီချီသွားပြီးအိပ်ယာပေါ်ကိုပစ်တက်လိုက်တယ်။
စုရန်နူးညံ့တဲ့အိပ်ယာပေါ်ကိုကျသွားတာနဲ့ချက်ချင်းထဖို့ပြင်လိုက်တယ်။ဒါပေမယ့်စုန့်ထင်ယွီရဲ့ကြီးမားလှတဲ့ကိုယ်ကသူမကိုမြန်မြန်ဘဲပြန်ဖိထားလိုက်တယ်။
သူမနည်းနည်းလေးမှမလှုပ်နိုင်တော့တဲ့အထိကိုဖိထားလိုက်တယ်။
စုန့်ထင်ယွီ့ရဲ့မျက်လုံးတွေကနက်နဲ့လှတဲ့ရေကန်ကြီးတွေလိုကြောက်စရာကောင်းနေတာကိုစုရန်ခံစားမိတယ်။သူမရဲ့လက်တွေခြေတွေကိုအနည်းငယ်ရုန်းကြည့်ပြီး:'စုန့်ထင်ယွီ ဒီလိုမလုပ်ပါနဲ့။စကားသေချာပြောကြရအောင်'
စုန့်ထင်ယွီသူမရဲ့လက်နှစ်ဖက်လုံးကိုပူးပြီးသူမရဲ့ခေါင်းပေါ်မှာထားလိုက်ကာခံစားချက်မပါတဲ့အကြည့်နဲ့ကြည့်ပြီး:'ငါတို့ကြားမှာပြောစရာဘာမှမရှိဘူး။လုပ်စရာဘဲရှိတာ'
သူ့ရဲ့အကြည့်တွေကအေးစက်လွန်းနေတယ်။ပြီးတာနဲ့သူမရဲ့ကော်လာကိုကိုင်ပြီးအပေါ်အင်္ကျီကိုချွတ်ကာကုတင်အောက်ကိုပစ်ချလိုက်တယ်။ထပ်ပြီးကျန်နေသေးတဲ့အင်္ကျီကိုချွတ်ရင်းနဲ့:'မင်းနောက်ကလေးတယောက်လိုချင်နေတယ်မလား?ငါမင်းဆန္ဒဖြည့်ပေးရမှာပေါ့မဟုတ်ဘူးလား?'
စုရန်သူမအဝတ်အစားတွေကိုသူတခုပြီးတခုချွတ်နေတာကိုကြည့်ရင်းနဲ့ရုန်းလိုက်ပြီး:'စုန့်ထင်ယွီ ရှင်ဒီလိုလုပ်လို့မရဘူး။ကျွန်မကိုလွှတ်။ကျွန်မကိုလွှတ်...'
သူမပြောနေရင်းနဲ့မျက်ရည်တွေပါကျလာတယ်။
သူမရုန်းနေတာတွေရပ်သွားအောင်စုန့်ထင်ယွီအားပိုသုံးလိုက်ပြီးသူရဲ့လက်ချောင်းတွေနဲ့သူမရဲ့မျက်ရည်တွေပြည့်နေတဲ့ပါးပြင်ကိုဖိရင်းမျက်လုံးမှေးစင်းပြီးသူမရဲ့ကြောက်လန့်နေတဲ့မျက်နှာကိုကြည့်ကာ:'ခုဖန်ပြွန်သန္ဓေသားကိစ္စလဲလုပ်လို့မရတော့ဘူး။မင်းကိုလွှတ်စေချင်တာသေချာလား?မင်းဝမ်ရှီကိုမကယ်ချင်တော့တာသေချာလား?သူသေသွားတာကိုမင်းမြင်ချင်တာလား?'
စုရန်ရဲ့မျက်လုံးတွေဟာအသက်မရှိတဲ့လူတယောက်လိုငြိမ်ကျသွားတယ်။
ဟုတ်တယ်,သူမဘယ်လိုလုပ်စုန့်ဝမ်ရှီကိုလက်လျှော့ရမှာလဲ...
သူမသူ့ကိုပျောက်အောင်လုပ်ပေးမယ်လို့ကတိပေးထားခဲ့တယ်လေ။
သူ့ကိုတွန်းဖယ်ဖို့အားမရှိတဲ့သူမလက်တွေကိုလှုပ်ရင်းတုန်ယင်နေတဲ့အသံနဲ့:'စုန့်ထင်ယွီ ကျွန်မမပြင်ဆင်ရသေးဘူး'
အနည်းဆုံးတော့ဒီနေ့ခုအချိန်တော့မဟုတ်သေးဘူး။သူမကိုသူဖိထားတာကိုကြည့်ရင်သူမအနိုင်ကျင့်ခံနေရသလိုဘဲ။
သူမဒီလိုခံစားချက်မျိုးကိုတကယ်မုန်းတယ်။
'ဒီလိုကိစ္စမျိုးလုပ်ဖို့ဆိုတာပြင်ဆင်ဖို့မလိုအပ်ဘူး'စုန့်ထင်ယွီသူမကိုမလွှတ်ဘဲနောက်ဆုံးကျန်နေတဲ့အဝတ်ကိုဖယ်လိုက်ရင်း:'ပြီးတော့မင်းဟိုးအရင်ကတည်းကပြင်ဆင်ထားခဲ့တာမလား?'
စုရန်နိုးလာတော့ညတောင်ရောက်နေပြီ။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးOnde as histórias ganham vida. Descobre agora