အပိုင်း(၂၀)

4.8K 369 18
                                    

'ဘာမှမဟုတ်ပါဘူး'

စုရန် ခေါင်းခါပြလိုက်ပြီး ချန်ကျင်ကိုမကြည့်ဘဲနဲ့အပေါ်ထပ်ကိုတက်သွားလိုက်တယ်။

စုဟုန်သူမကိုခြိမ်းခြောက်နေတာသိပေမယ့် သူမမှာတစ်ခြားနည်းလမ်းလဲမရှိဘူး။

ညရောက်လာတော့။

စုန့်ထင်ယွီအိမ်ပြန်လာတော့ ချန်ကျင်ကိုဧည့်ခန်းမှာထိုင်နေတာတွေ့လိုက်ရတယ်။သူမသူ့ရဲ့အတွေးထဲမှာနစ်မြောနေတာကိုတွေ့တော့ သူမအနားကိုသူသွားလိုက်ပြီး: 'အမေ ဘာဖြစ်လို့လဲ?'

ချန်ကျင် စိတ်ပြန်လည်လာပြီး: 'ဘာမှမဖြစ်ပါဘူး'

သူမ စုန့်ထင်ယွီကိုကြည့်လိုက်တော့ သူ့လက်ထဲမှာ တစ်ခုခုကိုကိုင်ထားတာတွေ့တယ်။ကြည့်ရတာဆေးရုံကပေးတဲ့အိတ်နဲ့တူနေတယ်။သူမအဲ့တာကိုညွှန်ပြလိုက်ပြီး: 'အဲ့တာဘာကြီးလဲ?'

'လုကျန့်ပေးလိုက်တဲ့စုရန်အတွက်ဆေးပါ'

အဲ့တာကိုကြားတော့ချန်ကျင်မျက်နှာပျက်သွားပြီး: 'မင်းကိုယ်တိုင်တောင်သူ့အတွက်ဆေးသွားယူပေးတယ်ပေါ့လေ?'

'အဲ့တာဘာပြဿနာရှိလို့လဲ?'

ချန်ကျင်စိတ်ဆိုးနေတဲ့လေသံနဲ့ ပြောလိုက်တယ်: 'ထင်ယွီ မင်းစုရန်အပေါ်မှာဘယ်လိုတွေးနေတာလဲ?မင်းသူနဲ့တစ်သက်လုံးလက်ထပ်ထားဖို့ အစီအစဉ်ရှိတာလား?အစတုန်းကမင်းကိုသူ ဘယ်လိုလှည့်ကွက်တွေသုံးခဲ့လဲဆိုတာမေ့နေပြီလား?ပြီးတော့ ချီရွေ့ကမင်းကိုအမြဲတမ်းစောင့်နေတာနော်....'

စုန့်ထင်ယွီ သူရဲ့နှုတ်ခမ်းပါးလေးကိုဖွင့်လိုက်ပြီး: 'အမေ ကျွန်တော့ရဲ့ပြဿနာကိုကျွန်တော်ဖြေရှင်းနိုင်ပါတယ်'

'အမေကမင်း စုရန်ရဲ့လှည့်ကွက်ထဲကိုကျသွားမှာကြောက်နေတာပါ။ပြန်စဉ်းစားနော်။ချီရွေ့ကမင်းကိုအကြာကြီးစောင့်နေတာ။စုရန်ကဖြူစင်ရိုးသားတဲ့မိန်းမမဟုတ်ဘူး။သူပိုက်ဆံအတွက်နဲ့ဒီမိသားစုထဲကိုဝင်လာခဲ့တာ...'

'အမေ တော်‌ပါတော့' စုန့်ထင်ယွီမျက်မှောင်ကြုတ်လိုက်တယ်။သူ့ရှေ့မှာ ချန်ကျင် စုရန်ကိုအဲ့လိုပြောတာကိုသူမကြားချင်ဘူး။ဘာလို့မှန်းမသိပေမယ့် အဲ့လိုကြားရတာ သူ့စိတ်မသက်မသာဖြစ်စေတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now