အပိုင်း(၈၀)

3.8K 244 10
                                    

သူမသဘောတူလိုက်တာကိုကြည့်ပြီး စုန့်ထင်ယွီလဲကျေနပ်သွားတယ်။သူ့နှုတ်ခမ်းထောင့်တွေကွေးတက်နေပြီး ထမင်းဆက်စားနေလိုက်တယ်။

'အဲ့ဒါစုရန်မဟုတ်ဘူးလား?'

သူတို့တွေညစာကိုအေးအေးဆေးဆေးစားနေတုန်းမှာ ရင်နှီးတဲ့အသံကြားလို့စုရန်မော့ကြည့်လိုက်တော့ စုန်လိုင်နဲ့သူ့သူငယ်ချင်းတွေဖြစ်နေတယ်။

'အမ'

'တိုက်ဆိုင်လိုက်တာနော်' စုလိုင်မျက်ခုံးတွေကိုပင့်ပြီး: 'ဖေဖေကပြောတယ် ဒီရက်ပိုင်းနင့်ကိုဆက်သွယ်လို့မရဘူးတဲ့။နင်ကဟွမ်ဟိုင်ကိုရောက်နေတာကိုး'

သူမပြောပြီး စုန့်ထင်ယွီကိုလဲမြင်သွားရောချက်ချင်းမျက်နှာပြောင်းသွားကာ: 'ထင်ယွီ ရှင်ရော‌လာတာလား?'

စုန့်ထင်ယွီတူကိုချထားလိုက်ပြီး သူ့ကိုစူးစမ်းနဲ့အကြည့်နဲ့ကြည့်ကာ: 'မင်းကဘယ်သူလဲ?'

စုလိုင်မျက်နှာချက်ချင်းပျက်သွားတယ်။သူမအရှက်ရအောင် စုန့်ထင်ယွီဒီလိုပြောလိမ့်မယ်လို့သူမထက်မထားခဲ့ဘူး။သူတို့တွေကနှစ်ပေါင်းအတော်ကြာသိလာပြီးတော့ စုရန်လဲသူမကိုအမဆိုပြီးခေါ်လိုက်တယ်လေ။အဲ့ဒါကိုသူမကိုဘယ်သူလဲလို့သူမေးသေးတယ်။

ဒါကတမင်သက်သက်သူမကိုအရှက်ခွဲချင်တာနေမှာ။

ဒါပေမယ့်လဲ သူမဘယ်လောက်ဘဲစိတ်ဆိုးစိတ်ဆိုးသည်းခံလိုက်ပြီး သူမမျက်နှာမှာအပြုံးတွေအပြည့်နဲ့: 'ကျွန်မကစုရန်ရဲ့အမပါ'

'ထင်ယွီ ရှင့်ကြည့်ရတာကျွန်မကိုမတွေ့တာကြာလို့မမှတ်မိဘူးထင်တယ်။အရင်တုန်းကကျွန်မတို့တွေ....'

'Sorryဘဲ။မင်းကိုသိကိုမသိတာ' စုန့်ထင်ယွီ သူမစကားကိုဖြတ်ပြောလိုက်ပြီး တစ်နေရာလက်ညှိုးထိုးပြလိုက်ကာ: 'မင်းသူငယ်ချင်းတွေခေါ်နေပြီ။မသွားသေးဘူးလား?'

အစကစုလိုင်လဲဒီမှာဝင်ထိုင်မလို့ကို စုန့်ထင်ယွီအဲ့လိုပြောလိုက်တော့ သူမထိုင်လို့မရတော့ဘူးဖြစ်သွားတယ်။သူမအပြုံးတွေကအနည်းငယ်တင်းမာနေသလိုဖြစ်နေပြီး: 'ဒါဆိုလဲကျွန်မသွားလိုက်ဦးမယ်နော်။နောက်တစ်ခါကျရင်ထမင်းတူတူစားကြရအောင်။ရှင်တို့တွေဒီမှာဘဲတည်းတာမလား?မပြန်သေးဘူးမလား?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now