အပိုင်း(၁၄၉)

2K 156 2
                                    

'စုန့်ထင်ယွီ....'

စုရန်ကြမ်းပြင်ပေါ်ကစာရွက်အပိုင်းအစတွေက်ိုကောက်ပြီးလုံးပြီးသူ့မျက်နှာကိုပစ်လိုက်ကာ: 'ကျွန်မရှင့်အစားဆုံးဖြတ်ချက်ချပေးလိုက်တာ။ရှင်ဒီလောက်တောင်ပိုင်ချီ‌ရွေ့ကိုစွဲလမ်းနေရင် ဘာလို့သူနဲ့အတူတူသွားမနေတာလဲ?'

တစ်ညလုံးမအိပ်ထားတာကြောင့်စုန့်ထင်ယွီမျက်လုံးတွေနီနေပြီး: 'ဘယ်တုန်းကကိုယ်ပိုင်ချီရွေ့ကိုစွဲလမ်းနေလို့လဲ?ကိုယ်သူနဲ့လမ်းခွဲလိုက်တာကြာပြီ'

'လမ်းခွဲလိုက်ပြီ ဟုတ်လား?' စုရန်ရယ်လိုက်ပြီးသူမမျက်နှာမှာသူ့ကိုလှောင်နေတာကိုတွေ့နေရတယ်။

စုန့်ထင်ယွီသူမရဲ့အခုမျက်နှာပုံစံကိုမကြိုက်ဘူး။သူ့ကိုမယုံကြည်တာကိုပြနေလို့။သူမလက်ကိုသူကိုင်လိုက်ပြီး: 'မင်းကိုယ့်ကိုမယုံဘူးလား?'

'ဟုတ်တယ်။ကျွန်မရှင့်ကိုမယုံဘူး'

သူကိုင်တာကိုမခံချင်လို့စုရန်ရုန်းနေတယ်။စုန့်ထင်ယွီလဲသူမရုန်းနေရင်းနဲ့သူမ
ထိခိုက်မိမှာကြောက်ပြီး လက်ကိုလွှတ်ပေးလိုက်ကာထပ်ပြီးမကိုင်ရဲတော့ဘူး။

'ဘာလို့ကိုယ့်ကိုမယုံရတာလဲ?မင်းကိုယ့်ကိုယုံအောင်ဘယ်လိုလုပ်ပေးရမလဲ?'

စုရန်အရမ်းကိုပင်ပန်းနေပြီ။သူမကလေးကိုဆုံးရှုံးရတော့မလို့။သူမသာကလေးကိုဆုံးရှုံးသွားရင်ဘယ်လိုလုပ်မလဲ?စုန့်ဝမ်ရှီအသက်အန္တရာယ်ရှိလာမှာလေ။

ဒီလေးလကလေးကိုသာဆုံးရှုံးသွားရင်စုန့်ဝမ်ရှီဘယ်လိုလုပ်မလဲ?

အခုသူမကစုန့်ထင်ယွီနဲ့ပိုင်ချီရွေ့တို့ကြားထဲမှာတတိယလူဖြစ်နေတာ။သူမမှာသာကလေးမရှိတော့ရင်စုန့်ထင်ယွီကပိုင်ချီရွေ့ဆီကိုပြန်သွားမှာလို့ပိုင်ချီ‌ရွေ့ရဲ့ပရိတ်သတ်တွေကပြောခဲ့တာ။အဲ့ဒါကြောင့်သူတို့သူမကိုတမင်တွန်းချပြီးရယ်ပြီးသူမခံရသင့်တယ်လို့ပြောခဲ့တယ်။

အဲ့ဒီတုန်းကသူမကလေးကိုဆုံးရှုံးလိုက်ရပြီဆိုတဲ့ခံစားချက်ကသူမကိုအရမ်းကြောက်သွားစေတယ်။သူမတစ်ခါမှအဲ့လိုမခံစားဖူးဘူး။သူမစိတ်ဓါတ်တွေပြိုလဲသွားရတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now