အပိုင်း(၁၈-၁)

4.6K 324 1
                                    

စုရန် သူမရဲ့အင်္ကျီကိုအတင်းပြန်ဆွဲထားလိုက်ပြီး:'စုန့်ထင်ယွီ...'
စုန့်ထင်ယွီ သူမရဲ့လက်ကိုဖယ်လိုက်ပြီး:'မလှုပ်နဲ့။မင်းရဲ့ခန္ဓာကိုယ်မှာငါမမြင်ဘူးတဲ့နေရာရှိလို့လား?'
‌သူပြောတာကိုကြားပြီးသူမရှက်သွားပေမယ့် သူ့ကိုတားဖို့မတက်နိုင်တော့ဘူး။အဲ့တာကြောင့်သူလုပ်တာကိုဒီအတိုင်းဘဲကြည့်နေရတယ်။သူ သူမရဲ့အပေါ်ပိုင်းကိုချွတ်လိုက်ပြီး သူမပြန်ဝတ်ရတာအဆင်ပြေဖို့ အင်္ကျီကိုအဝတ်စင်ပေါ်မှာတင်ထားလိုက်တယ်။
စုန့်ထင်ယွီ သူမကိုအဝတ်ထားတဲ့တန်းကိုမှီခိုင်းထားပြီး ဆေးဗူးကိုဖွင့်ပြီးဂွန်းတံလေးနဲ့နောက်ကျောကိုလိမ်းပေးလိုက်တယ်။
သူတမင်တကာဖြေဖြေးလေးလိမ်းနေသလိုမျိုးဖြစ်နေပြီးအချိန်အတော်ကြာသွားတယ်။စုရန်တစ်မျိုးခံစားနေရပေမယ့်နောက်လှည့်ပြီးသူ့ကိုလဲမကြည့်ရဲဘူး။သူမအရှေ့မှာရှိနေတဲ့မှန်ကိုလဲမကြည့်ဘဲနဲ:'ပြီးပြီလား'
'ဘယ်လိုလုပ်မြန်မြန်နဲ့ပြီးမှာလဲ' စုန့်ထင်ယွီသူမ‌ခေါင်းလေးကိုပုတ်ပြီးပြောလိုက်တယ်။
'အဲ့တာဆိုလဲမြန်မြန်လုပ်'
စုန့်ထင်ယွီခဏရပ်ပြီး ရယ်လိုက်ကာ:'စုရန် ဘာကိုစိတ်လှုပ်ရှားနေတာလဲ?'
'ကျွန်မစိတ်မလှုပ်ရှားပါဘူး'
'မင်းစိတ်မလှုပ်ရှားဘူးပေါ့လေ?'စုန့်ထင်ယွီယွီ သူမပြောတာကိုသေချာပေါက်မယုံဘူး။
သူမတို့ရဲ့လက်ရှိအခန်းထဲကအခြေအနေကလူတွေကိုမွန်း‌ကြပ်စေတယ်လို့စုရန်ခံစားနေရတယ်။အဲ့တာကြောင့်သူဆေးလိမ်းနေတာရပ်သွားတာနဲ့သူအင်္ကျီအမြန်ပြန်ဝတ်လိုက်ပြီးသူ့ကိုမကြည့်ဘဲနဲ့ပြောလိုက်တယ်:'ကျေးဇူးဘဲ'
သူမအပြင်ထွက်မလို့လုပ်လိုက်တဲ့အချိန်မှာ သူမလက်ကိုစုန့်ထင်ယွီကလှမ်းဆွဲထားလိုက်တယ်။
စုန့်ထင်ယွီရဲ့နက်မှောင်နေတဲ့မျက်လုံးတွေကသူမမျက်နှာကိုစိုက်ကြည့်နေလိုက်တယ်။ပြီးတော့သူရဲ့လက်တွေနဲ့သူမရဲ့မေးဖျားလေးကိုကိုင်ကာ မျက်‌လုံးတွေကိုမှေးစင်းပြီးပြောလိုက်တယ်:'စုရန် မင်းရဲ့မျက်နှာကဘာလို့နီနေတာလဲ?'
ပြီးတော့နောက်လက်တစ်ချောင်းနဲ့သူမပါးလေးကိုကိုင်ပြီး:'ပြီးတော့ ဘာလို့ဒီလောက်တောင်ပူနေရတာလဲ?'
သူတစ်ဖြေးဖြေးနဲ့သူမအနားကပ်လာတော့ သူစကားပြောလိုက်ရင် သူ့ရဲ့အသက်ရှုလိုက်တဲ့လေငွေ့တွေကသူမမျက်နှာပေါ်ကိုကျလာနေတယ်။သူမနားမှာ သူရဲ့အငွေ့အသက်တွေနဲ့ဖုံးလွှမ်းနေတယ်။
'ရာ ရာသီဥတုကအရမ်းပူနေလို့ပါ...'စုရန်သူမရဲ့လျှာကိုတောင်သူမဖြတ်ပစ်လိုက်ချင်တယ်။ဘာလို့ဆိုတော့သူမစကားပြောလိုက်တဲအချိန်စကားတွေထစ်နေတာကိုသတိထားမိသွားလို့။
'ရာသီဥတုကပူတယ်ပေါ့လေ?'စုန့်ထင်ယွီကိုကြည့်ရတာ ဟာသတစ်ခုကိုကြားရသလိုမျိုး မျက်လုံးတွေကအရောင်တောက်လာပြီးနှုတ်ခမ်းတွေကလဲအရိုင်းဆန်စွာကွေးညွတ်သွားကာသူမကိုသတိပေးလိုက်တယ်:'အခုကဆောင်းရာသီလေ။အပြင်မှာ၀ဒီဂရီအောက်တောင်ရောက်နေပြီ'
ဒီလူကပြောရဆိုရတော်တော်ခက်တဲ့လူဘဲ။
စုရန်ခေါင်းဆောင်မူးတူးတူးဖြစ်လာပြီး:'ကျွန်မပြောတာကအခန်းထဲကအပူပေးစက်ကိုပြောတာ'
'အခန်းထဲမှာအပူပေးစက်ရှိပေမယ့်လဲ မင်းရဲ့မျက်နှာကိုဒီလိုမျိုးပူနေအောင်တော့လုပ်နိုင်မှာမဟုတ်ပါဘူးလေ?'စုန့်ထင်ယွီသူမပါးကိုပြန်မလွှတ်ပေးခဲ့ဘူး။
သူမခေါင်းကိုလှည့်လိုက်ပြီးသူ့အကြည့်ကိုရှောင်လိုက်တယ်။သူနဲ့ငြင်းနေလို့လဲမနိုင်နိုင်တဲ့အတွက်သူမအချိန်ကုန်မခံချင်တော့ဘူး။
'စုန့်ထင်ယွီ ကျွန်မ....'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now