အပိုင်း(၃၀)

4.8K 355 10
                                    

ဖုန်းအားသွင်းလိုက်တော့မှ ဖုန်းပြန်ပွင့်လာပြီး သူမကိုဖုန်းတွေအများကြီးခေါ်ထားတာတွေ့သွားတယ်။လင်ချန်ဟွမ်ရော ထျန်မီရောချောင်ချောင်ရောခေါ်ထားကြတာ။

သူမတစ်ယောက်ချင်းဆီကိုဖုန်းပြန်ဆက်လိုက်ပြီး နောက်ဆုံးမှလင်ချန်ဟွမ်ကိုခေါ်လိုက်တယ်။

ဖုန်းဆက်လို့ရတာနဲ့သူကသူမကိုဆုတောင်းပေးတော့တယ်: 'ရန်ရန် Happy Birthday'

'ကျေးဇူးပါ' စုရန်ပြုံးလိုက်မိတယ်။

'ဒီနေ့ကိုယ်မင်းဆီကိုဖုန်းတွေဆက်တိုက်ခေါ်ထားတာ။ဖုန်းပိတ်ထားတယ်ဘဲပြောနေတာ။ဘာပြဿနာရှိလို့လဲ?'

'Sorryပါ။ကျွန်မဖုန်းအားကုန်သွားလို့။ချန်ဟွမ် ကျွန်မကိုရှာတာအကြောင်းရှိလို့လား?'

'မရှိပါဘူး။ဒီအတိုင်းဘဲကိုယ်ကမင်းနဲ့ဝမ်ရှီနဲ့ကိုခေါ်ပြီးညစာကျွေးချင်လို့ပါ'

ငယ်ငယ်လေးကတည်းကစုရန်မွေးနေ့ကိုလူတိုင်းမေ့ထားကြတယ်။ချောင်ချောင်ရဲ့စိတ်နဲ့ကိုယ်ကလဲစုဟုန်ဆီမှာအကုန်လုံးပုံထား‌တော့ သူမသမီးမွေးနေ့ကိုဘယ်တုန်းကမှသတိမရခဲ့ဘူး။ပြီးတော့စုဟုန်လဲသူမမွေးနေ့ဘယ်တော့လဲဆိုတာကိုခုထိသိမှာမဟုတ်ဘူး။

သူမငယ်ငယ်တုန်းကဆိုရင် လင်ချန်ဟွမ်ကသူ့အဖွားအိမ်မှာအချိန်တော်တော်ကြာထိနေခဲ့တာ။သူ့အဖွားအိမ်ကစုရန်တို့အိမ်ဘေးမှာဘဲ။သူမတို့နှစ်အိမ်ကခြံစည်းရိုးလေးဘဲခြားတာ။တစ်ခါတုန်းကသူဘောလုံးကိုစုရန်တို့အိမ်ဘက်ကိုကန်မိသွားတယ်။သူဘောလုံးကောက်ဖို့ခြံစည်းရိုးကိုကျော်တက်လာတော့အိမ်ထဲမှာမိန်းကလေးငယ်ငယ်လေးကိုအမှတ်မထင်တွေ့သွားတယ်။

အဲ့တာကစုရန်ကိုသူပထမဆုံးတွေ့ဖူးတာဘဲ။

ချောင်ချောင်ရဲ့အင်္ကျီစလေးကိုစုရန်ဆွဲပြီးတောင်းဆိုနေတယ်:  'မေမေ ဒီနေ့ကသမီးမွေးနေ့လေ။ခဏနေကျလို့ရှိရင်သမီးကိုမွေးနေ့ကိတ်လေးလုပ်ပေးပါလား?'

အဲ့ဒီအချိန်တုန်းကချောင်ချောင်ကစိတ်မရှည်တဲ့ပုံစံနဲ့ စားပွဲပေါ်ကသီချင်းစာရွက်ကိုပြပြီး:  'လုပ်ပေးမယ်။ဒါပေမယ့်အဲ့ဒီသီချင်းကိုဒီညတီးနိုင်လို့ရှိရင်ဒီညကိတ်ဝယ်ပေးမယ်'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now