Prologue

15.9K 1.3K 5
                                    

Unicode

"The Return of the Immortal Emperor" ကို ဝဘ်ဒရာမာ(web drama)တစ်ခုအဖြစ် ပြောင်းလဲပါတော့မည်။

ဤဝတ္ထုသည် ယောက်ျားအသားပေးသော စာပေ၀က်ဘ်ဆိုဒ်မှ တစ်နှစ်တာအတွင်း အငြင်းပွားဖွယ်ရာအကောင်းဆုံးကျင့်ကြံရေးဝတ္ထုအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ဇာတ်လမ်းကလေးလံပြီးဇာတ်သိမ်းပိုင်းကရှုပ်ထွေးရုံသာမက၊၎င်း၏ စာရေးဆရာဖြစ်သည့် 'Gallant Outlaw'သည် ဇာတ်သိမ်းပြီးသည့်နောက် အလုပ်အလွန်အကျွံလုပ်ခြင်းကြောင့် ကွန်ပျူတာရှေ့တွင် ရုတ်တရက် သေဆုံးသွားခြင်းကြောင့်လည်း ဖြစ်သည်။

မှတ်ချက်#10216- ဆိုးလိုက်တဲ့မြင်းကောင်ရှည်ဝတ္ထု!မိန်းကလေးတွေကိုစုဆောင်းတဲ့ခေတ်ဟောင်းအမျိုးအစားကြီးတွေနဲ့တစ်ပုံစံထဲပဲ! စာအရေးအသားကောင်းလို့သာမဟုတ်ရင်အရင်ထဲကလွှတ်ပစ်ခဲ့တာကြာပါ့။

မှတ်ချက်#10217- သဘောမတူပါဘူး။ မုဟဲကငါဖတ်ဖူးသမျှထဲမှာ အထူးခြားဆုံးMCပဲ။ သူနဲ့ ထန်ထိုက်မုံ့က End gameမလား။အားးးး!သေချာတာပေါ့။

မှတ်ချက်#10218- ထန်ထိုက်မုံ့ ကငါ့ကောင်မလေးပါဟ၊ XXသာ သူ့နေရာမှာ သရုပ်​ဆောင်မယ်ဆိုသေချာပေါက်နာမည်ကြီးမှာ!

မှတ်ချက်#10219- ရှန်ယို့ရဲ့ ဇာတ်ကြောင်းက ဘာမှလည်း မရှင်းပြသွားဘူး။ ဒီလိုတိုးလို့ တန်းလန်း ထားခဲ့တာ ဘယ်ကောင်းမလဲ။ ဒါကိုမ​ပြင်ရင်မကြည့်တော့ဘူး။

မှတ်ချက်#10220- အပေါ်ထပ်ကလူရေ၊ မင်း သူတို့ အပိုအပိုင်းတွေ ထည့်မယ်ထင်လား? အချစ်ဇာတ်ကြောင်းနဲ့ကလဲ့စားချေမယ့်ဇာတ်ကြောင်းကိုပဲညှာတာပေးဖို့ဇာတ်ညွှန်းရေးဆရာကိုထိုင်ကန်တော့ရတော့မှာပဲ။ ဖြတ်တဲ့ထဲပါသွားရင်မလွယ်ဘူး။

မှတ်ချက်# 11852- သေသူကိုနည်းနည်းလေးတော့လေးစားပါအုံးဟ.စာရေးဆရာကိုမကြိုက်ရင်ဒီမှာလာမmentနဲ့။

မှတ်ချက်#12948- အတွင်းသတင်းအရငါကြားတာတော့ ဟယ်ကျန့်က မုဟဲ နေရာမှာသရုပ်ဆောင်မှာတဲ့။

မှတ်ချက်#12949- Holy Sh*t!ငါသိသားပဲ!နောက်တော့ကော၊ဘယ်သူက ပိုင်ယွီတဲ့လဲ?

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now