Ch.(33) လမ်းဆုံး / လမ္းဆုံး

3.2K 597 27
                                    

Unicode

အမြှောက်စာလေးအတွက် သနားစရာပါလား


“အဲ့လိုဆိုမှတော့ ဝေ့ပတ်မနေတော့ဘူး။” မင်ခုန်းကသွေးတွေထပ်ပြီး ချောင်းဆိုးလာပေမယ့် ပြန်မျိုချလိုက်သည်။ "ပွင့်ပွင့်လင်းလင်းပြောပါ။"

"ဒီလိုလုပ်သင့်တာကြာလှပြီ” ရှဲ့ကျစ်ဝေ့က ခေါင်းညိတ်သည်။

ထိတ်လန့်နေသော နဉ့်ထင်သည် နောက်ဆုံးတွင် မင်ခုန်းကိုအကြည့်စူးများဖြင့် စိုက်ကြည့်ရန် လှည့်လိုက်သည်။  "ငါ့ရှစ်သိရဲ့ အသက်အတွက်ပြန်ပေးဆပ်။"

"အသက်" ကိုကြားလိုက်ရတော့ ရှဲ့ကျစ်ဝေ့သည် မတုန်မလှုပ်ဖြစ်နေသော ရှန်ယို့ကို ပြန်ကြည့်ကာ သနားသွားသည်။  “ဒါဆို ဂိုဏ်းခေါင်းဆောင်ရှန်က တကယ်ကို…”

မင်ခုန်း၏ မျက်နှာသည် သူ့စကားကြောင့် ပို၍ပင် ဖြူဖျော့သွားပုံရသည်။  သူသည် ထိန်းချုပ်မှု ဆုံးရှုံးသွားပြီး သွေးများ ယိုစီးကျလာသည်။ ရှဲ့ကျစ်ဝေ့ ၏နောက်ကွယ်မှ မုဟဲသည် ရုတ်တရက် "လွန်ခဲ့သည့် သုံးနှစ်ခန့်က အလောင်းကို အတင်းအကြပ်ရွှေ့ဖို့က ခက်ခဲမှာပဲ။" ဟု ရုတ်တရက်ပြောလိုက်သည်။

"အတိအကျပဲ။" ရှဲ့ကျစ်ဝေ့က "နှလုံးချုပ်ကိုင်ပညာကို သေချာမသိပေမယ့် လူ့နှလုံးသားတို့ ဝိညာဉ်တို့လို ထိန်းချုပ်တဲ့မကောင်းတဲ့အတတ်က အသုံးပြုသူကိုလည်း တုံ့ပြန်မှုပေးတယ်။ ဂိုဏ်းခေါင်းဆောင်ရှန်က သွေးမျက်ရည်ကျတဲ့နေမှာ ကွယ်လွန်သွားပြီး....သုံးနှစ်ကြာ ထိန်းချုပ်ခံခဲ့ရတယ်။  ရိုးရိုးသားသားပြောရရင် ဒါက သူတပါးကို ထိခိုက်စေသလိုမျိုး သူ့ကိုယ်သူလည်း ထိခိုက်စေတာပဲ။"

"မပြောနဲ့တော့"  "မင်းပိတ်ထားလိုက်တော့!"

အသံနှစ်သံက သူ့ကို စူးစူးဝါးဝါးအော်လိုက်သည်။ ရှဲ့ကျစ်ဝေ့ နောက်ဆုံးတော့ သူ့ပါးစပ်ကို ပိတ်လိုက်ရသည်။  'အိုး၊ မတော်တဆ ဒဏ်ရာနက်ကို ထိုးမိသွားသလိုပဲ။ ဆောရီးပါဟိဟိ။'

ဒါပေမယ့် ဒါဟာ အမှန်တရားပါ။

ရှန်ယို့နှင့် နဉ့်ထင်တို့၏ အကျင့်စရိုက်များသည် မတူညီသော်လည်း သူတို့သည် နှစ်ပေါင်းများစွာကြာအောင် ရင်းနှီးခဲ့ကြသည်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အခုအချိန်မှာ ရှဲ့ကျစ်ဝေ့နှင့် ဇာတ်လိုက်နဲ့တူသည်။ ရှန်ယို့ သူ့ရှစ်ရှုန်းကို သတ်ပြီးသွားတဲ့အချိန် သူ့နှလုံးသားဟာ ပြာဖြစ်သွားလောက်သည်။ မင်ခုန်း၏ ရက်စက်ကြမ်းကြုတ်သော စကားလုံးများက သူ့ကိုပိုတောင် ပြိုလဲသွားစေခဲ့သည်။ အဲဒီနောက်မှာတော့ ထိုအမျိုးသားက နှလုံးချုပ်ကိုင်ပညာကို သူ့အပေါ်အတင်းအကျပ် အသုံးပြုခဲ့ပေမယ့် ငြင်းဆန်ခဲ့သည်။ သို့သော် ထိုကဲ့သို့ သည်းမခံနိုင်သော စိတ်ပိုင်းဆိုင်ရာ ဖိအားများကို ဘယ်သူကခံနိုင်ရည်ရှိမှာလဲ? သူသွေးမျက်ရည်ကျရခြင်းရဲ့ တစ်ခုတည်းသော အကြောင်းအရင်းမှာ သူ့နှလုံးသားနှင့် သွေးကြောများ ပျက်စီးသွားသောကြောင့် ဖြစ်သည်။ မင်ခုန်း၏ သုံးနှစ်ကြာ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပြီးနောက် သူ၏ဝိညာဉ်သည်လည်း ပျက်စီးသွားခဲ့ရလေပြီ။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now