Ch.(83) ခေါင်းမာခြင်း / ခေါင်းမာခြင်း

2.6K 462 7
                                    

Unicode

'ချာတိတ်၊ မင်းရဲ့ကွန်ဖီးဒန့်ကို ဘယ်ကများရလာတာလဲ? ရှင်းဟွအဘိဓာန်ကလား?'


"ဆရာ့အတွက် လက်စားချေပေးပါ" - အဲ့နှစ်တွင် ရှဲ့​ကျစ်ဝေ့ မသေဆုံးမီ နောက်ဆုံးပြောခဲ့သော စကားဖြစ်သည်။

ပြန်သတိရလာသောအခါတွင် ကိုယ့်ကိုယ်ကိုယ် ဘဝင်ခိုက်မိသည်။ ပိုင်ကျန့်ကျူးသည် အဆင့်အတန်းရှိပြီး ချီယန်တွင် မြင့်မားသော ကျင့်ကြံရေး ရှိသည်။ မုဟဲသာ အဲဒီနှစ်ယောက်ကို ဖြုတ်ချချင်ရင် သူ့ကိုယ်ပိုင်အရည်အချင်းကို အရင်တိုးတက်အောင်လုပ်ရမည်။ ဤတိတ်ဆိတ်သောစကားစုသည် 1) သူ့စကားလုံးများ၏အရေးပါမှုကို အလေးပေးဖော်ပြသည်၊ 2) မုဟဲကို သူ့ကိုယ်သူ ပိုကောင်းလာအောင် သွယ်ဝိုက်တွန်းပို့နိုင်ပြီး 3) သူ့သေဆုံးမှုမြင်ကွင်းကို ပိုလွမ်းဆွတ်စေပါသည်။ အကယ်၍ ၎င်းကို ရိုက်ကူးခဲ့မည်ဆိုပါက၊ ၎င်းသည် ဇာတ်ကြောင်းတွင် ဂန္တဝင်တံတားဖြစ်လာပြီး ရုပ်ရှင်နှင့် ရုပ်မြင်သံကြားရှိ ထိပ်တန်း 10အဆွေးခန်းတွင် ပါဝင်မည်ဖြစ်သည်။

ယခုမူကား သူ့ခြေထောက်သူ ခလုတ်တိုက်မိရန် ကောက်ယူခဲ့သော ကျောက်တုံးကြီးပင်။

ဇာတ်လိုက်က လက်စားချေခဲ့တာလား? ဟုတ်တယ်၊ ဒါပေမယ့် ရှဲ့​ကျစ်ဝေ့ အသက်ရှင်နေခဲ့ပြီး ပိုင်ကျန့်ကျူးဟာ မှားယွင်းစွာသေဆုံးသွားသလို ခံစားလိုက်ရသည်။

ဇာတ်လိုက်က ပိုအားကောင်းလာသလား? ဟုတ်တယ်၊ သူ့ထက်တောင် ပိုသန်မာတယ်။ ဇာတ်​လိုက်သာ အခု သူ့ကိုဆန့်​ကျင်​​ရင်​​ ပြန်​မတိုက်​နိုင်​ပါဘူး။

ရှဲ့​ကျစ်ဝေ့ စောစောကသာသိခဲ့ရင်၊ မုဟဲကို ယုတ်ညံ့ပြီး ယုတ္တိမတန်တဲ့ ခုန်ပျံကျော်လွှားမှုတွေနဲ့ အဆုံးမသတ်စေဘဲ သူ့ရဲ့မုန်းတီးမှုနဲ့ ဒဏ်ပေးမှုကို မေ့လိုက်ဖို့ ဇာတ်လိုက်ကို ပြောလိုက်လိမ့်မည်။

'ထားလိုက်တော့၊ ငါဘာလို့ဒီလောက် ကွဲလွဲနေရတာလဲ? ဇာတ်လိုက်က ကွေးသွားတော့ ငါကဘာဖြစ်မှာလဲ?' သူသေဆုံးသွားရင်တောင်မှ ရှဲ့​ကျစ်ဝေ့ရဲ့ဇာတ်ရုပ်ကို ဆက်လက်ထိန်းသိမ်းထားချင်ခဲ့သည်။ ဒါဟာ သရုပ်ဆောင်တစ်ယောက်အတွက် အမြင့်ဆုံးနယ်ပယ်ပါပဲ။ သူ မေ့လုနီးပါးပါပဲ- ရှဲ့​ကျစ်ဝေ့ရဲ့ ကာရိုက်တာ ဆက်တင်တွေက ဘာတွေလဲ?

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now