Ch.(82) ဘုရင့်နန်းဆောင် / ဘုရင့်နန်းဆောင်

2.8K 472 18
                                    

Unicode

"ရှစ်စွမ်း ဒီတပည့်ကို ကြောက်တယ်မလား?"


ရှဲ့ကျစ်ဝေ့ သတိပြန်ဝင်လာတော့ အပြင်မှာမှောင်နေပြီဖြစ်သည်။ သူ့ပတ်ဝန်းကျင်က ထူးခြားပြီး ဆတ်ခနဲထမထိုင်လိုက်ခင် ခဏလောက် ဖုတ်ကောင်လို လှဲနေလိုက်သည်။ အခန်းသည် ဘာအရိပ်အယောင်မျှမရှိဘဲ လုံးဝလွတ်နေသည်။ သေးငယ်သောခြံဝင်း၏ နှိမ့်ကျသောအဆောင်နှင့်မတူဘဲ၊ ဤနေရာသည် အတော်လေးကျယ်ဝန်းသည်၊ အမိုးပါသော ဘရိုကိတ်အိပ်ယာတဲတစ်ခုရှိပြီး အဖိုးတန်ရှေးဟောင်းပစ္စည်းများနှင့်တူသော ပရိဘောဂများစွာပါရှိသည်။ အလင်းရောင်ကို ရောင်ပြန်ဟပ်နေသော စဉ့်မီးချောင်းများဖြင့် ပေါင်းစပ်ထားသောကြောင့် လုံးဝ: 'အထက်တန်းစား'

ရှဲ့ကျစ်ဝေ့သည် သူကူးပြောင်းလာကတည်းက ဤမျှလောက်ခမ်းနားသောနေရာတွင် မနေထိုင်ခဲ့ရသော်လည်း သူလုံးဝမပျော်ခဲ့သလို စူးစမ်းချင်စိတ်လည်းမရှိပေ။ သူ့ရဲ့ ခန့်မှန်းချက်တွေသာ မှန်ကန်ပါက ဒီအခန်းထဲမှာ အရမ်းတန်ဖိုးရှိတဲ့ ဓားသွားတစ်ချောင်းလည်း ရှိသင့်သည်။ သူသည် စားပွဲဆီသို့ အမူအရာမဲ့စြာ မကြည့်လိုက်ခင် သူ့မျက်လုံးများကို လွှဲထားလိုက်သည်။

'သေချာပေါက် ရှိတယ်'

ဓားစင်ကို ဖြူစင်သော ကျောက်စိမ်းဖြင့် ပြုလုပ်ထားကာ ကိုးပြည်ထောင်ဘုရင်က ငှားရမ်းထားသော လက်သမားဆရာက ဂရုတစိုက်တည်ဆောက်ထားသည်။ သို့သော် တင်ဆောင်ထားသောဓားသည် အဆတစ်သန်းပို၍ အဖိုးတန်သောကြောင့် ပိုင်ရှင်သည် အဆင်တန်ဆာကဲ့သို့ ထားရန်ဆန္ဒမရှိ၍ မကြာခဏဆိုသလို ဗလာဖြစ်နေတတ်သည်။ ရှဲ့ကျစ်ဝေ့သည် ကုတင်ကို ထျန်းမှ နှင်းပိုးပုဝါဖြင့် ဖုံးအုပ်ထားသည်ဟု မှန်းဆခဲ့သည်။ ကြာဖြူများကို အိပ်ယာပေါ်တွင် ချယ်လှယ်ထားသောကြောင့် ၎င်းကို ကိုးပြည်ထောင်ဘုရင်၏ တော်ဝင်မင်းသားမုဟဲ အသုံးများသော စောင်အဖြစ် ပြုလုပ်ထားသည်။

ရှဲ့ကျစ်ဝေ့က မကြည့်ဘဲ ချည်ထိုးကို လက်ဖြင့်ပွတ်သပ်ကာ အေးစက်စွာရယ်မောလိုက်သည်။ သူသည် ယခင်က ဤနေရာသို့ မရောက်ဖူးသော်လည်း Gallant Outlawသည် ဇာတ်လိုက်၏ ကြွယ်ဝသော ဒုတိယမျိုးဆက်ဆက်တင်များကို အသားပေးဖော်ပြရန်အတွက် အခန်းကို အသေးစိတ်ဖော်ပြခဲ့သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now