Ch.(118) သဲလွန်စများ / သဲလြန္စမ်ား

1.5K 278 0
                                    

Unicode

ဇာတ်လိုက်ကိုကယ်တင်တာ ကမ္ဘာကြီးကို ကယ်တင်တာနဲ့တူတူပဲ။


ရှဲ့ကျစ်ဝေ့ကြောင့် လူအများစု ထိတ်လန့်သွားကြသည်။ ချင်းဖျင်ဓားသည် ရတနာငါးပါးထဲမှ တစ်ခုဖြစ်ပြီး ရှဲ့ကျစ်​ဝေ့ဘဝတွင်လည်း ရှုံးပွဲမရှိခဲ့ပေ။ သူသာမုဟဲကို ကယ်တင်ချင်ရင် သူ့ကိုတားနိုင်တဲ့သူ မရှိနိုင်လောက်ပါဘူး။

ရန်ကျစ်ဖေး သက်ပြင်းတစ်ချက်ချကာ စကားတစ်ခွန်းမှ မပြောဘဲ ဝတ်ရုံလက်များကိုခါလိုက်ကာ ရှကျစ်ချီနှင့်မတူ ချုကျစ်ရှစ်ကိုကုသရန် လူသွားစင်္ကြံသို့ ပြန်သွားခဲ့သည်။ ရှဲ့ကျစ်​ဝေ့က သူ့အနေနဲ့ ရန်ကျစ်ဖေးကို ကောင်းကောင်း လျော်ကြေးပေးရမည်ဟု ခံစားမိသည်။ တာအိုဂိုဏ်းသည် ကြီးမားသော ကျောထောက်နောက်ခံ ဖြစ်သောကြောင့် သူတို့၏ အပြန်အလှန် ခံစားချက်များကိုတော့ မထိခိုက်စေနိုင်ပါ။

သို့သော် ယခုတွင် ဇာတ်လိုက်ကို ကယ်တင်ခြင်းမှာ ကမ္ဘာကြီးကို ကယ်တင်ခြင်းနှင့် ညီမျှပေသည်။

ရှဲ့ကျစ်​ဝေ့က မုဟဲကိုပြောလိုက်သည်။ "မလှုပ်နဲ့"

ထို့နောက် သူ၏ဓားသည် မုဟဲဝန်းကျင်ရှိ နက်မှောင်သော အနီရောင်ဝိညာဉ်စွမ်းအင်ကို ထိုးဖောက်ရန် အလင်းတန်းများစွာ ထွက်လာသည်။ အင်အားနှစ်ခု အချင်းချင်းရိုက်ခတ်ကြသောအခါ ၎င်းတို့သည် တစ်ဟုန်ထိုး တောက်လောင်လာကာ အထီးကျန်စိတ်ဝိညာဉ်များ မိုင်သန်းပေါင်းများစွာကို ဖြတ်ကျော်လာသည့် ပြင်းထန်သော လေချွန်သံနှင့်တူပေသည်။

ရှဲ့ကျစ်​ဝေ့သည် ဤမြင်ကွင်းကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့သလို အခြားသူများလည်း ပိုဆိုးသည်။ အချိန်အတော်ကြာအောင် လေထုထဲတွင် ထူးဆန်းသောအသံများ ပဲ့တင်ထပ်နေချိန်တွင် လူတိုင်း လန့်သွားကြသည်။ မုဟဲသည် အပြောင်းအလဲများကို စောင့်ကြည့်ကာ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားသည်။ မကြာမီ ဆူညံသံများ ချုပ်ငြိမ်းသွားသော်လည်း အနီရောင်စွမ်းအင်များကို ချင်းဖျင်ဓားက ဝါးမျိုချင်နေသလို လမ်းအကြောင်းအသီးသီးမှ စွမ်းအင်များစုစည်းလာကြပြီး တခဏချင်း ပျောက်ကွယ်သွားကြတော့သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now