Ch.(19) သဲလွန်စများ / သဲလြန္စမ်ား

4.4K 685 22
                                    

Unicode

ရှစ်စွမ်းနဲ့ပတ်သတ်ပြီး သူတကယ် အဲ့လိုခံစားရတာလား?

စကားတစ်လုံးထဲသာ။

မုဟဲသည် ယနေ့ည၏ မူမမှန်မှုအားလုံးကို ချက်ခြင်းနားလည်လိုက်သည်။  နဉ့်ထင်ကသူ့ကို အမျိုးသမီးတပည့်တွေနဲ့ ဝေးဝေးမှာနေဖို့ ဘာကြောင့် ပြောတာလဲ။ ရှဲ့ကျစ်ဝေ့နဲ့ ဝေးဝေးနေဖို့ ဘာကြောင့်ပြောခဲ့တာလဲဆိုတာ။

ရှစ်စွမ်းနဲ့ပတ်သတ်ပြီး သူတကယ် အဲ့လိုခံစားရတာလား?

မုဟဲက သူ့အတွေးတွေကို ပြန်သုံးသပ်ကြည့်တော့ မှန်ကန်ကြောင်း တွေ့ရှိခဲ့သည်။  ဒီလို ချောမောလှပတဲ့ မိန်းကလေးတွေကို ပြန်တွေးတိုင်း ချန်တောက်ရှို့ ကိုပဲ တွေးမိပြီး အရသာပျက်သလို ခံစားရသည်။ ဒါပေမယ့် မီးခိုးရောင် ၀တ်စုံတွေနဲ့ ဖုံးထားတဲ့ ရှစ်စွမ်းရဲ့ ညှပ်ရိုးတွေကို သတိရတဲ့အခါ သူ စွဲလန်းသွားသည်။ မုဟဲ၏ ခန္ဓာကိုယ်သည် ပူပြီးအေးလာသည်ကို သူနောက်ဆုံးမဝန်ခံမီ “ကျွန်တော်မိန်းမတွေကို ဘယ်တော့မှ ကြိုက်မှာမဟုတ်တော့ဘူးထင်တယ်။"

"ဒါတွေအကုန် ချန်တောက်ရှို့ ကြောင့်လား?"  နဉ့်ထင်က မေးသည်။

“အင်း။"

“ကျင့်ကြံသူတွေက မိန်းမ မက်မောရမယ့်သူတွေ မဟုတ်ဘူး၊ ဒါကြောင့် မင်း အာရုံမလွင့်တာလည်း ကောင်းပါတယ်…” နဉ့်ထင်က ထူးဆန်းသောလေသံဖြင့် မပြောမီ ခဏရပ်လိုက်သည်။ “မင်းက ယောက်ျားလေးတွေကို သဘောကျနေတာဘဲ”

“ကျွန်တော်.…” ထိုသည်မှာ မုဟဲ ချက်ချင်း ချေပချင်သည့် ထိတ်လန့်စရာကောင်းသော ကောက်ချက်တစ်ခုဖြစ်သည်။  သို့တိုင်၊ ရှစ်စွမ်းကို "ယောက်ျား" ဟု သူထင်သောအခါတွင် ခေါင်းငုံ့ကာ ဝန်ခံလိုက်ရသည်။

နဉ့်ထင်သည် ကြာနက်တွင် တိတ်ဆိတ်နေခဲ့သည်။

ခဏအကြာတွင် မုဟဲက နောက်ဆုံးတွင် “ယောက်ျားလို့မဟုတ်ပါဘူး။ ရှစ်စွမ်း တစ်ယောက်တည်းကိုပဲ ဒီလိုခံစားရတာ။"

“မင်း…” နဉ့်ထင်က ဆုံးမချင်သော်လည်း ဘယ်ကနေစရမှန်းမသိ။  ၎င်းတို့နှစ်ဦးသည် လက်ရှိတွင် လက်တွဲလုပ်ဆောင်နေကြသော်လည်း မုဟဲ၏ ကိုယ်ရေးကိုယ်တာကိစ္စများမှာ သူနှင့်မသက်ဆိုင်ပေ။  နောက်ဆုံးတွင် သူက “ပထမတော့ ငါအတွက် မွေးရာပါ အရည်အချင်းရှိတဲ့ လူတစ်ယောက် လက်စားချေပေးဖို့ မျှော်လင့်ခဲ့တယ်။ မင်းအလုပ်တွေကို တစ်ဝက်တစ်ပျက်လုပ်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now