Ch.(89) ကယ်ဆယ်ရေး / ကယ္ဆယ္ေရး

2.1K 429 8
                                    

Unicode

ကျွန်တော်တို့တစ်ယောက်မှ ကောကို ဘယ်တော့မှ မမေ့ခဲ့ဘူး….ဒါပေမယ့် ကောကရော?

အရပ်ရှည်သော အသွင်အပြင်သည် စိုစွတ်ပြီး အေးစက်နေသော အကျဉ်းထောင်ကြီး၏ အလင်းရောင်ကောင်းစွာရသော စင်္ကြံများအတိုင်း လျှောက်လာခဲ့သည်။ အဝါရောင်ဖျော့ဖျော့၀တ်စုံတွင် ငွေရောင်ချည်ဖြင့် သွယ်တန်းထားသော နဂါးရုပ်များပါရှိသည်။ နှစ်ဖက်တပ်သားတို့သည် ထိုလူကိုတွေ့သည်နှင့် ဦးညွှတ်လျက် “အရှင်မင်းကြီး” ဟု နှုတ်ဆက်ကြသည်။

ထိုလူသည် ခန်းမ၏အဆုံးရှိ အချုပ်ခန်းရှေ့တွင် ရပ်ကာ အတွင်းဘက်သို့ လှမ်းကြည့်လိုက်သည်။ "ဘယ်လိုလဲ?"  သူကမေးသည်။

အစောင့်တစ်ယောက်က တံခါးကိုဖွင့်ပြီး သံကြိုးနဲ့ချည်နှောင်ထားတဲ့ အကျဉ်းသားကို ဆွဲထုတ်ဖို့ အထဲကို ဝင်သွားကာ လက်တစ်ဖက်ကို မြှောက်လိုက်သည်။ “အရှင်မင်းကြီး၊ ညာလက်ရဲ့လက်ချောင်းတွေနဲ့ လက်က အရိုးတွေအကုန် ကျိုးသွားပါပြီ။ ကျေးဇူးပြု၍ ကြည့်ပေးပါ"

တွဲထားသည့်အခါ လက်ကို သေချာမမြင်ရသော်လည်း ယခု မြှောက်လိုက်သောအခါတွင် လုံးဝအရိုးမရှိပုံရသည်။ အချို့သော ညှဉ်းပန်းနှိပ်စက်မှုမျိုးသည် အတွင်းအရွတ်များနှင့် အရိုးများအားလုံးကိုပါ နှိပ်စက်ညှဉ်းပန်းခဲ့သောကြောင့် ဘာမှမကျန်ခဲ့ပေ။ တရားခံက မျက်လုံးဖွင့်ထားပေမယ့် သူ့အမူအရာက နာကျင်မှုရော ကြောက်ရွံ့မှုပါ မရှိ။ “ကိုးပြည်ထောင်ဘုရင်ကြီး ကျေနပ်ရဲ့လား?” ဟု ချော့မော့ပြောရင်း အထင်အမြင်သေးမှုအချို့ဖြင့် သူ့မျက်လုံးများက တောက်ပလာသည်။

အကျဉ်းသားက သူ့အောက်မှာရှိနေတော့ ဘုရင်ကြီးက သူ့ကို အပေါ်ကနေ ကြည့်လိုက်သည်။ "ချုကျစ်ရှစ်၊ မင်းအရင်တုန်းက ငါကိုယ်တော်ရဲ့ သား​တော်ရဲ့ ညာလက်ကို ကျိုးရဲခဲ့တယ်။ အခုလည်း မင်း ဘု​ရင့်နယ်မြေကို ကျူးကျော်လာတဲ့အတွက် မင်း​ရဲ့​ပြစ်​မှု​က ကြီး​သွားပြီ"

(T/N: အားးးး ငါ့ကောလေး မဖြစ်ဘူးးး!)

ချုကျစ်ရှစ်က ရယ်ရင်း အသံထွက်လာသည်။ “ကျုပ်က သေမျိုးကမ္ဘာထက် ကျော်လွန်နေတဲ့ တည်ရှိမှုပဲ၊ ကျုပ်ဆိုတဲ့ကောင်က ကောင်းကင်နဲ့ မြေကြီးကိုပဲ လေးစားတယ်၊ တော်ဝင်အာဏာတွေကို မဟုတ်ဘူး”

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now