Ch.(113) မှန်းဆချက်များ /မွန္းဆခ်က္မ်ား

2K 333 6
                                    

Unicode

"စိတ်မပူပါနဲ့ ရှစ်စွမ်း၊ တပည့် အရမ်းညှင်သာပါ့မယ်"


မုဟဲက ရှဲ့ကျစ်ဝေ့ စကားမပြောသည်ကိုမြင်လိုက်ရပြီး သူ့လေသံမှာ ပိုမိုပျော့ပျောင်းသွားသည်။ "တပည့်ကိုရှစ်စွမ်း စိတ်ဆိုးနေသေးတာလား?"

ရှဲ့ကျစ်ဝေ့ သူ့ရင်ခွင်ထဲမှ ခေါင်းကို မော့လိုက်သည်။ "ဘာကို စိတ်ဆိုးရမှာလဲ?"

မုဟဲက မျက်လုံးများကို ငုံ့ကြည့်နေသည်။ "ရှစ်စွမ်းနဲ့ သုံးရက်လုံးလုံး အတူတူနေရတာ ရှားပေမယ့်..."

"ငါ စိတ်မဆိုးပါဘူး" ရှဲ့ကျစ်ဝေ့ လျင်မြန်စွာ ကြားဖြတ်ပြောလိုက်သည်။ "အဲ့အကြောင်း မပြောနဲ့တော့....ငါ့အသက်အရွယ်နဲ့ ဂရုမစိုက်တော့ဘူး၊ အဲ့တော့ ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့တော့"

မုဟဲ ထိတ်လန့်သွားသည်။ "ရှစ်စွမ်း....ဂရုမစိုက်​ဘူးလား?"

ရှဲ့ကျစ်ဝေ့က မုဟဲမှာ အပြစ်ရှိသလို ခံစားနေသေးတယ်လို့ ထင်မိပြီး “ဂရုမစိုက်ဘူး။ ဘယ်သူက အမှားမလုပ်ဖူးလို့လဲ?"

မုဟဲ၏ အသံမှာ တုန်ယင်နေသည်။ "သေချာပေါက်၊ ရှစ်စွမ်းကတော့ ဂရုမစိုက်ပေမယ့်… တပည့် ဂရုစိုက်တယ်!”

'ဘာတွေဖြစ်နေတာလဲ?' ရှဲ့ကျစ်ဝေ့က “မင်း…”

မုဟဲသည် ရုတ်တရက် သူ့ကို လွှတ်ပေးလိုက်ပြီး ရေကန်နားက ကျောက်လက်ရန်းများပေါ်တွင် မှီနေကာ ရေအောက်ရှိ ငါးများကို စိုက်ကြည့်နေသည်။ အလင်းရောင်က တောက်ပလွန်းနေတာကြောင့်လား၊ သူအဓိပ္ပါယ်မရှိ လျှောက်တွေး​ နေပြန်တာ​ကြောင့်လားမသိပေမယ့် သူ့မျက်လုံးများက အမှန်တကယ်ပင် မျက်ရည်များဖြင့် တောက်ပနေသည်။ ရှဲ့ကျစ်ဝေ့ မေးရိုးခဏလောက် ပြုတ်ကျသွားပြီး မနေနိုင်ဘဲ မေးလိုက်သည်။ "ဒါက ဘာဖြစ်ရပြန်ပြီလဲ?"

“ထပ်ပြီး…” မုဟဲသည် မကျေနပ်ချက်အပြည့်ဖြင့် ရှဲ့ကျစ်ဝေ့ ၏စကားကို ထပ်ခါတလဲလဲပြော​နေသည်။ "တပည့် အမြဲတမ်း အဓိပ္ပါယ်မရှိ လျှောက်လုပ်နေတယ်လို့ ရှစ်စွမ်း ထင်နေတာလား?"

'ဟုတ်တယ်! မင်းက နှလုံးသားမရှိ! အေးစက်ပြီး အဓိပ္ပါယ်မရှိ လျှောက်လုပ်တတ်တယ်!'

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now