Ch.(119) ကှာခွားခကျြ / ကွာခြားချက်

1.5K 255 3
                                    

Unicode

ဒီလိုမောက်မာတဲ့အမူအရာက လူအုပ်ကြီးအတွက်တော့ မျက်စိနောက်စရာပဲ

ရှဲ့ကျစ်ဝေ့ ရယ်မောလိုက်သည်။ “အပြစ်ကင်းစင်ယောင် ဆောင်နေသေးတယ်။ မင်းဘာလို့ အကြောင်းပြချက်မရှိ ဆက်တင်အစုတ်တွေကို ထည့်ထားတာလဲ? အမြှောက်စာက အမြှောက်စာလို မနေဘူး၊ အရံဇာတ်ကောင်ကလည်း အရံဇာတ်ကောင်လိုမနေဘူး၊ လူတိုင်းက ဇာတ်ကွက်ကို ခိုးဖို့ပဲကြံနေကြတာပဲ။ ထုတ်လုပ်ရေးအဖွဲ့မှာသာဆိုရင် ဒီလိုသရုပ်ဆောင်လို့ မင်းအတင်းပြောခံရလိမ့်မယ်သိလား"

"အာIdolကလည်း နှစ်ထပ်စံချိန်တွေ သုံးမနေပါနဲ့" Gallant Outlaw ဇာချဲ့နေတော့သည်။ "မင်းက ကူးပြောင်းလာသူမို့ သေခြင်းကနေ လွတ်မြောက်ဖို့ အခွင့်ထူးရှိတယ်လေ။ တခြားသူတွေက မဟုတ်တဲ့အတွက် သူတို့ကသေခြင်းတရားကိုပဲ ထိုင်စောင့်နေရမှာလား? ကျွန်တော့်စာအုပ်က ယုတ္တိရှိတယ်ဗျ! လူတိုင်းမှာ အမှတ်အသားရှိပြီး တာဝန်ပြီးမြောက်ဖို့ပဲ အာရုံစိုက်နေရရင် ရိုးရှင်းပြီး ပျင်းစရာကောင်းသွားမှာပေါ့။ အသိစိတ်ရှိတဲ့ စာရေးဆရာတစ်​ယောက်အနေနဲ့၊ အချို့အသေးစိတ်အချက်တွေ လိုအပ်—”

"ရပြီ ရပြီ၊ ငါ့မှာမင်းနဲ့ စာအကြောင်းပေအကြောင်း ဆွေးနွေးဖို့ အချိန်မရှိဘူး" ရှဲ့ကျစ်ဝေ့ နှောင့်ယှက်ရင်း နဖူးကို ပွတ်သပ်လိုက်သည်။ "ဒါဆို ငါဘာဆက်လုပ်ရမလဲ? ဇာတ်လိုက် ဘယ်လို အနိုင်ရနိုင်မှာလဲ?"

"Idol မေ့သွားပြီလား? မူရင်းဇာတ်လိုက်က အနိုင်ယူနိုင်စွမ်းမရှိတဲ့အပြင် ကြယ်ပင်လယ်တွေကိုပါ တိုက်ခိုက်ဖို့ တခြားကမ္ဘာကိုသွားချင်နေတာ။ ဘယ်လိုမျိုးလဲ? သူ့ရတနာတွေနဲ့ပေါ့အာ! အခု သူဘာလို့ အားနည်းနေရတာလဲ? ဘာလို့ဆို မင်းသူ့အကြံအစည်တွေ ဝင်ဖျက်လိုက်လို့လေ! အမြှောက်ဇာတ်လိုက်က ကြာဖြူကြာနက်ကို ပထမဆုံးရပြီး ရွှေကြာပန်းကို ရမယ်၊ ပြီးမှရန်လိုတဲ့ ကြာနီကို နောက်ဆုံးရမယ်။ ဒါကပဲ သူတို့အားလုံးကို မတော်တဆမှုမရှိဘဲ ပေါင်းစည်းနိုင်စေခဲ့တာ။ အခုတော့ အားလုံး ရှုပ်ကုန်ပြီ"

ရှဲ့ကျစ်ဝေ့ စကားမပြောနိုင်တော့။ အမှန်ပင်၊ ရွှေကြာပန်း၏အကူအညီမပါဘဲ၊ ကြာနီ၊ ကြာနက်နှင့် ကြာဖြူတို့သည် ငြင်းပယ်သည့်တုံ့ပြန်မှုတစ်ခုရှိခဲ့သော်လည်း သူသည် ကြာနီကို မစွန့်ပစ်နိုင်ခဲ့ပေ။ ၎င်း၏ဘေးထွက်ဆိုးကျိုးများရှိနေသော်လည်း၊ ၎င်းသည် ဇာတ်လိုက်၏ ကျင့်​ကြံရေးအခြေခံကို မြှင့်တင်ထားဆဲဖြစ်သည်။ ရှဲ့ကျစ်ဝေ့အနေဖြင့် ဇာတ်လိုက်ဆီ ဝိညာဉ်စွမ်းအင် ဆက်ပေးနိုင်သော်လည်း ဇာတ်လမ်းက သူတို့ကို... အလွန်အကျွံ ဖုံးလွှမ်းသွားခဲ့သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now