Ch.(25) ဥယျာဉ် / ဥယ်ာဥ္

3.4K 590 16
                                    

Unicode

( warning ပိစိလေးပါပါမယ် ahem)

"ရှဲ့အကြီးအကဲကို ဒီနဉ့်ထင် လေးစားနေတာကြာပါပြီ။"

ကြာနက်မှ နဉ့်ထင်၏အသံထွက်လာသောအခါ ရှဲ့ကျစ်ဝေ့သည် မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို မသိတော့ပေ။

'ဒီအခြေအနေကြီးက အရမ်းမမြန်လွန်းဘူးလား!?'

အခြားတစ်ယောက်သည် သရဲတစ္ဆေဖြစ်သည်ကို သူသိသော်လည်း ဟန်ဆောင်ကာ သရဲတစ္ဆေကို ပထမဆုံးအကြိမ်တွေ့ဖူးသူသကဲ့သို့ မှန်ကန်သောတုံ့ပြန်မှုကို ဆက်လက်လုပ်ဆောင်နေသေးသည်။  ပြင်းပြင်းထန်ထန် တွေးတောပြီးနောက်တွင် သိမ်မွေ့ပြီး အံ့အားသင့်သော အမူအရာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည် “အရှင် နောက်နေတာ ဖြစ်ရမယ်။  ကျွန်တော်သိသလောက်တော့ စန်းယွင်ဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်နဉ့်က လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့တာလေ။"

နဉ့်ထင်သည် လက်စားချေရန် စိတ်လောနေပြီး စကားမဖြုန်းတီးခဲ့ပေ။ “သုံးရက်နဲ့ သုံးညလောက် အကုန်ရှင်းပြရင်တောင် ပြီးမှာမဟုတ်ဘူး။ ဒီနေ့ မင်းငါ့ကိုကူညီရင် မင်းရဲ့တပည့်ကို မထိခိုက်စေရဘူးလို့ ကတိပေးတယ်။"

ရှဲ့ကျစ်ဝေ့က စိတ်ထဲတွင် ရယ်မောလိုက်သည်။ 'ဒီ$သရဲက အကူအညီတောင်းတာတောင် သူဌေးတစ်ယောက်လို လာပြော​နေသေးတယ်။ လုပ်လိုက်လေအာ၊ ဇာတ်လိုက်ကိုသတ်နိုင်ရင် မင်းအနိုင်ရတယ်လို့ မှတ်ပေးမယ်။'  ဟုတ်တာပေါ့၊ ဒီစကားတွေက သူ့ဘာသူ ထိန်းသိမ်းထားတာ ပိုကောင်းပါတယ်။  နောက်တစ်ခုကတော့ စိတ်ပူတဲ့အမူအရာနဲ့ လိုက်ဖက်ညီတဲ့ lineတွေ ရောက်လာလေပြီ။

"ဒီရှဲ့က ဂိုဏ်းခေါင်းဆောင်နဉ့်ရဲ့ နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့ သေချာပေါက်ကြိုးစားပါ့မယ်။  ဒါပေမဲ့ ကျွန်တော့်ပည့်က ငယ်သေးတဲ့အတွက် သူ့ကို သက်ညှာပေးဖို့ တောင်းဆိုချင်ပါတယ်။"

ရှဲ့ကျစ်ဝေ့၏ ဇာတ်ကွက်ကို အနှောင့်အယှက်ပေးမှုကြောင့် ပြန်လည်မွေးဖွားလာသော မုဟဲသည် နဉ့်ထင်နှင့် အနည်းငယ်နီးစပ်ခဲ့သည်။  မူလနဉ့်ထင်သည် မုဟဲကို လက်စားချေမည့်အစား အလွန်အကျွံ ပရောပရည်လုပ်သည့်အတွက် အကြိမ်အနည်းငယ်ပင် ညှင်းပန်းနှိပ်စက်ခဲ့ပြီး ၎င်းတို့နှစ်ဦးကို စာချုပ်သက်တမ်းသက်သက်သာ ထားခဲ့သည်။  လက်ရှိမုဟဲသည် ရှဲ့ကျစ်ဝေ့ နှင့်ပတ်သက်သော သူ၏ခါးသီးသောခံစားချက်များအကြောင်းကို နဉ့်ထင်အား ရံဖန်ရံခါ ရင်ဖွင့်တတ်သည်။  အချိန်ကြာလာသည်နှင့်အမျှ နဉ့်ထင်သည်လည်း သူ့(MH)အား နှစ်သိမ့်ရန်ပင် သင်ယူတတ်လာသည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now