Ch.(30) နောက်ဆုံးမိနစ် / ေနာက္ဆုံးမိနစ္

2.9K 519 17
                                    

Unicode

စန်းယွင်ခွေးသွေးဇာတ် (တတိယပိုင်း)



နှင်းခင်းများသည် အေးစက်နေသော်လည်း မင်ခုန်း၏ မျက်ဝန်းများတွင် ထင်ဟပ်နေသော ဓါးသည် ပို၍ပင် အေးစက်သည်။

"ရှန်ရှစ်ရှုန်း!"  တုန်လှုပ်ခြောက်ခြားစွာ အော်လိုက်သည်။

ရှန်ယို့သည် ဝတ္ထုတွင် သူ၏ဖော်ပြချက်နှင့် လိုက်ဖက်သည်- အေးစက်သော်လည်း ကြင်နာသည်၊ မောက်မာသော်လည်း ဖြောင့်မတ်သည်။  မင်ခုန်းသည် ဤနှစ်များအတွင်း ထိုယောက်ျား၏အနားတွင် ရှိနေရန် ကြိုးပမ်းပြီးနောက် ဒါကိုပင် သိသင့်သည်။  ထို့ကြောင့် ရှန်ယို့သည် “လူသတ်သမား” ကို အရေးယူလိုက်သောအခါ အံ့သြစရာမဟုတ်ပေ။

သို့သော် မင်ခုန်းသည် ထိုလူကို စံနမူနာပြုထားသောကြောင့် သူ့တွင် သဘာဝအလျောက် စိတ်ကူးယဉ်မှုများနှင့် မျှော်လင့်ချက်များ ရှိနေသည်။

“ကျွန်တော် မင်းကို ကောင်းကောင်းဆက်ဆံခဲ့တယ်လေ” မင်ခုန်းက ရေရွတ်ပြီး “ဒါတောင် မင်း…”

"မင်း ငါ့ကို ကောင်းကောင်း ဆက်ဆံပါတယ်" ရှန်ယို့၏ အမူအရာမှာ မပြောင်းလဲဘဲ သူ့ဓါးကိုပင် နီးကပ်လိုက်သည်။  "ဒါပေမယ့် အဲ့ဒါက မင်းလူတွေကို သတ်တာနဲ့မဆိုင်ဘူး။'

ရှဲ့ကျစ်ဝေသည် ထိုအချိန်တွင် အံ့ဩသွားသည်။ ရှန်ယို့က မင်ခုန်းကိုသတ်ဖို့ ဆုံးဖြတ်ထားရင် သူသေဖို့ကလွဲပြီး ရွေးစရာလမ်းမရှိပေ။ 'ဘယ်လိုလုပ်ရှန်ယို့နဲ့  နဉ့်ထင်ကလှည့်စားခံလိုက်ရတာလဲ?'

မင်ခုန်း၏ နှုတ်ခမ်းသည် အနည်းငယ် လှုပ်သွားသည်။  "ဒါဆို ရှန်ရှစ်ရှူန်းက ကျွန်တော့်ကို သတ်ဖို့ စီစဉ်နေတာလား?"

"မဟုတ်ဘူး" ရှန်ယို့က ခေါင်းခါလိုက်သည်။ မင်ခုန်း၏မျက်လုံးများသည် ရွှင်လန်းမှုမပြမီတွင် သူ့မျှော်လင့်ချက်ကို မညှာမတာ ဖြုန်းတီးပစ်လိုက်သည်။  “ဒီကိစ္စကို ငါသီးသန့် ဆုံးဖြတ်မှာမဟုတ်ဘူး။  ဒါကို ရှစ်ရှူန်းနဲ့ တခြားအကြီးအကဲတွေဆီ လွှဲပေးပြီး  လူထုရုံးချိန်းအပြီးမှာ မင်းကို စီရင်ချက်ချမှာ။”

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now