Ch.(78) ခံစားချက်အစစ်အမှန် / ခံစားခ်က္အစစ္အမွန္

3.3K 507 10
                                    

Unicode

ကျွန်တော် မြင်းကောင်ရှည်ဇာတ်လိုက်ကို ဂေးဖြစ်အောင် လုပ်မိခဲ့ပါတယ်အား!!







ရှဲ့ကျစ်ဝေ့က စကားထစ်ပြီး "မင်း..ဘယ်..ဘယ်သူကို..ကြိုက်တာ?"

"ကျွန်တော် ရှစ်စွမ်းကိုကြိုက်တယ်။ တပည့် ဒီတစ်သက်လုံး ရှစ်စွမ်းတစ်ယောက်ထဲကိုပဲ ကြိုက်မှာ!” အဖြေက ပြတ်ပြတ်သားသားပါပဲ။

မုဟဲသည် ထိုစကားကို ကျယ်လောင်စွာ မပြောခဲ့ဖူးပေ။ ရှဲ့ကျစ်ဝေ့ အသက်ရှင်နေစဥ်တွင် သူသတ္တိမရှိခဲ့သော်လည်း ထိုလူသေဆုံးပြီးသည့်နောက်တွင်ပင် သတ္တိနည်းလာခဲ့သည်။ ဤနှစ်များတစ်လျှောက်လုံး၊ သူသည် ရှဲ့ကျစ်ဝေ့ ၏ဝိညာဉ်ကို ဘေးထွက်လမ်းများရှိသော အခြားနည်းလမ်းအမျိုးမျိုးဖြင့် ဆင့်ခေါ်ရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ လက်စားချေပေးဖို့ လုံလောက်တဲ့ အင်အားမရှိသေးတာကြောင့် ရှစ်စွမ်းက သူ့ကိုဒေါသထွက်နေတယ်လို့ ထင်ခဲ့သည်။ ဒေါသကြီးပြီး အကျင့်ပျက်တဲ့ စကားတစ်ခုခုသာ ကျယ်ကျယ်ပြောလိုက်ရင် ရှစ်စွမ်းက သူ့ကို ပိုပြီး အထင်သေးသွားလိမ့်မည်။ ထို့ကြောင့် သူသည် ထိုခံစားချက်များကို လေးနှစ်တာလုံး သူ့နှလုံးသားထဲတွင် ဖိနှိပ်ထားခဲ့သည်။

ကြာနီသည် သူ့ခန္ဓာကိုယ်ထဲသို့ ကောင်းစွာ မရောနှောနိုင်သောကြောင့် သူ၏ကိုယ်ပိုင် ထိန်းချုပ်မှု အားနည်းသွားခဲ့သည်။ အစပိုင်းမှာတော့ အိပ်မက်တွေနဲ့ စတင်ခဲ့သည်။ သူသည် အိပ်မက်မမက်တာ ကြာပြီဖြစ်သော်လည်း အကြိမ်ရေ တိုးလာသဖြင့် သူ၏မနှစ်မြို့ဖွယ်အတိတ်ကို ပြန်သတိရလာသည်။ ရှဲ့ကျစ်ဝေ့၏ သွေးစွန်းနေသော မျက်နှာသည် သူ့စိတ်ထဲတွင် အထပ်ထပ်အခါခါ ပေါ်လာသည်။ ရက်အတန်ကြာသောအခါ သူသည် နေ့ခင်းကြောင်တောင်​ကြီး စိတ်လွင့်ကာ သူ့မျက်လုံးများရှေ့တွင် ရှဲ့ကျစ်ဝေ့၏ တဖျပ်ဖျပ်လတ်နေသော ပုံစံကိုမြင်နိုင်ခဲ့သည်။ သူ့လက်အောက်က ရတနာတွေနဲ့ သူ့ကိုယ်ပိုင် မြင့်မားသော ကျင့်ကြံရေးကြောင့် မုဟဲက သူ့အခြေအနေကို ကောင်းကောင်းသိသည်။ ဤအရာများသည် ကြာနီနှင့် သူ့အသိစိတ်တို့ကြား ငြင်းပယ်မှုမှ ပေါက်ဖွားလာသော ဝိညာဉ်ထင်ယောင်ထင်မှားများဖြစ်ကြောင်း လျင်မြန်စွာ ပိုင်းခြားသိမြင်လာခဲ့သော်လည်း၊ ဤသည်မှာ ရှစ်စွမ်း သူ့ကိုလွမ်းနေခြင်းဖြစ်သည်ဟု သူ့ကိုယ်သူ လှည့်ဖြားနေဆဲပင်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now