Ch.(96) ကုတင်အောက် / ကုတင္ေအာက္

2.6K 424 5
                                    

Unicode

...ရှစ်စွမ်း၊ တကယ်ကိုရှစ်စွမ်းပဲ

ရှဲ့ကျစ်ဝေ့သည် ယခင်က ကိုးပြည်နယ်ဘုရင်နှင့် တစ်ကြိမ်သာ ဆက်ဆံဖူးပြီး အထင်ကြီးစရာမရှိပေ။ ဒါပေမယ့် အဲဒီလူက သူ့နှလုံးသားထဲမှာ ပုံရိပ်တစ်ခုနဲ့ Gallant Outlawရဲ့ ဖော်ပြချက်တွေ ရှိနေတယ်။ သူဤမျှ မုန်တိုင်းကျသည်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။

ကုတင်အောက်တွင် ရှဲ့ကျစ်ဝေ့သည် ခြေလှမ်းအနည်းငယ်မျှသာဝေးသော တံခါးကို စိုက်ကြည့်ရန် သူ၏လေးလံသောမျက်ခွံများကို မော့လိုက်သည်။ ကံမကောင်းစွာပဲ၊ သူ့မှာ လွတ်ဖို့လမ်းမရှိတော့ပေ။ ယင်စန်းရှန်းသည် ယင်ဝူရွှမ်းကို သယ်ယူရန် လူများကိုစေလွှတ်ကာ အလုပ်များနေပြီး တော်ဝင်သမားတော် အများအပြားသည်လည်း မုဟဲကို စစ်ဆေးရန် လာရောက်ခဲ့ကြသည်- ကောင်းသွားပြီဖြစ်သော်လည်းပေါ့။

ကိုးပြည်ထောင်ဘုရင်သည် လျင်မြန်စွာ တည်ငြိမ်လာပြီး အပြင်လူများအထဲသို့ ဝင်လာသည် သို့မဟုတ် အပေါက်တစ်ခု ရှိနေသည်ဟု ကောက်ချက်ချခဲ့သည်။ နန်းတွင်းမှ အစေခံများအားလုံးကို ဆင့်ခေါ်ပြီး စစ်ဆေးမေးမြန်းသော်လည်း မည်သူမျှ မသိပေ။ အဆုံးတွင် လက်ထဲရှိ လက်ဖက်ရည်ပန်းကန်ကို လွှင့်ပစ်လိုက်ပြီး လက်အောက်ငယ်သားများကို ခြံပတ်ပတ်လည်တွင် ဝိုင်းထားခိုင်းကာ အစေခံများကို ရေထောင်ထဲသို့ နှင်ထုတ်ခဲ့သည်။

နောက်ဆုံးတော့ အခန်းသည် တိတ်ဆိတ်သွားတော့သည်။ ရှဲ့ကျစ်ဝေ့ အသက်ရှုချောင်ပြီး ထွက်ပြေးဖို့ ပြင်ဆင်လိုက်ပေမယ့် ကိုးပြည်ထောင်ဘုရင်က မုဟဲရဲ့ အိပ်ရာရှေ့မှာ ရပ်နေခဲ့သည်။ ရှဲ့ကျစ်ဝေ့၏ အာရုံများသည် အပြည့်အဝ နိုးကြားလာသည်။ သူ၏ ဝိညာဉ်စွမ်းအင်သည် အလွန်နိမ့်ကျနေသောကြောင့် ၎င်းကို ဖိနှိပ်ရန် မလိုအပ်တော့သော်လည်း သူစိုးရိမ်နေဆဲပင်။

'ဘရိုရေ မပြီးသေးဘူးလား? မင်းရဲ့သားကို မင်းအသက်နဲ့ရင်းပြီးချစ်တာ ငါသိပါတယ်၊ ဒါပေမယ့် သူ့ရဲ့နှင်းဆီရောင်မျက်နှာကို မင်းမမြင်ဘူးလား? တော်ဝင်သမားတော်တွေတောင် သူနေကောင်းနေပါပြီလို့ ပြောတယ်လေ၊ ဘာတွေစိတ်ပူနေတာလဲ?'

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now