Ch.(90) အမဲလိုက်ပွဲ / အမဲလိုက္ပြဲ

2.2K 423 1
                                    

Unicode

ရှင်ဘုရင်အမိန့်တော်က သူတို့ကို အသေရရ အရှင်ရရ ဖမ်းဆီးဖို့ပဲ! လိုက်နာကြ


ထန်ထိုက်မုံ့က နောက်ပြန်လှည့်ပြီး "ကျေးဇူးရှင်၊ ဒီအလင်းရောင်က အရမ်းရင်းနှီးနေပုံပဲ"

'ဟုတ်တာပေါ့၊ မင်းနှစ်ခါတောင် တွေ့ဖူးတာကို'

ဤသည်မှာ ကြာဖြူ၏ နယ်နိမိတ် နယ်ပယ်ဖြစ်သည်။ သို့သော် ရှဲ့ကျစ်ဝေ့က ၎င်းကို စစ်ဆေးကြည့်ရာ ခြားနားချက်ကို တွေ့ရှိခဲ့သည်- အလင်းသည် ကျယ်ဝန်းသော်လည်း မုဟဲ၏ ပုံမှန်အတားအဆီးနှင့် နှိုင်းယှဉ်ပါက များစွာ အားနည်းသည်။

ချုကျစ်ရှစ်က မျက်ခုံးကို ကျုံးလိုက်သည်။ "ဘာလဲ၊ ဟိုသေနာကောင် ငါတို့နောက်ကို လိုက်လာတာလား?"

ထန်ထိုက်မုံ့ ညင်သာစွာ ချောင်းဆိုးလိုက်သည်။ "စီနီယာက အရှင့်သားကိုပြောချင်တာလား?"

ချူကျစ်ရှစ်က "မဆိုးဘူး ကောင်မလေး၊ မင်းက ဉာဏ်ကောင်းသားပဲ"

'သေနာကောင်?  ဒိန်ခဲရေ၊ ဇာတ်လိုက်ရဲ့ “အလားအလာရှိတဲ့ ညီလေး” အနေနဲ့ မုဟဲကို နည်းနည်းလေး ပိုလေးစားလို့မရဘူးလား?' အချိန်ကြာလာသည်နှင့်အမျှ၊ သူသည် သတိပေးရန် အချိန်မရှိ၍ "ထွက်လာခဲ့" ဟုပြောခဲ့သည်။

သူပြီးသည်နှင့်တပြိုင်နက် အဖြူရောင်အလင်းတန်းများဘက်တွင် ဒါဇင်ပေါင်းများစွာသော ပုံသဏ္ဌန်များပေါ်လာသည်။

"ချုကျစ်ရှစ်၊ မင်းကို ကိုးပြည်​ထောင်ဘုရင်ရဲ့ အမိန့်နဲ့ ချုပ်နှောင်ဖို့ ငါတို့ ဒီကိုရောက်လာတာ။ လက်လျှော့ပြီး အဖမ်းခံလိုက်"

၎င်းတို့အားလုံးသည် ဘုရင့်အစောင့်များ ဖြစ်ကြပြီး၊ ၎င်းတို့ အသီးသီးသည် ဘုရင့်နန်းတော်မှ ထွက်ခွာခဲကြသော အဆင့်မြင့် ကျွမ်းကျင်သူများ ဖြစ်သည်။ ဤတစ်ကြိမ်တွင် ကိုးပြည်ထောင်ဘုရင်သည် ချူကျစ်ရှစ်ကို ထိန်းသိမ်းရန် ဆုံးဖြတ်ထားပုံရသည်။

ချူကျစ်ရှစ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မော့မကြည့်။ "ဘာလဲ၊ မင်းတို့ရဲ့အရှင့်သားက သူ့မျက်နှာကို ပြရမှာကြောက်လို့ ဒီနေ့ ဒီအစေခံတွေပဲ လွှတ်လိုက်တာလား?"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now