Ch.(95) ကုသခြင်း / ကုသျခင္း

2.1K 403 10
                                    

Unicode

ရှစ်စွမ်း...ဒီတစ်ခေါက်လဲ..အတုအယောင်ပဲမလား?

(T/N: ⚠⚠သတိ! ဒီအပိုင်းကတော့ ရှလကာရည်နံ့တွေ မွှန်ထွန်နေတာပဲ ချစ်တို့ maskတပ်ထားကြပါ. ဘယ်သူလဲတော့မပြောတော့ဘူး \( 'з')/)

ရှဲ့ကျစ်ဝေ့ နှစ်ခါမစဉ်းစားဘဲ နတ်အသိဉာဏ်ဖြင့် အတွင်းသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင် သူအိပ်ခဲ့သည့် ကုတင်ပေါ်တွင် မျက်နှာဖြူ မုဟဲကို မြင်လိုက်ရပြီး လောကကြီးကို လုံးဝအာရုံမစိုက်နိုင်တော့ပေ။ ယင်ဝူရွှမ်းသည် ထိတ်လန့်သွားပြီး တုံ့ပြန်မှုမရှိဘဲ သူ့အားအကြိမ်အနည်းငယ် လှုပ်ယမ်းလိုက်သည်။ သူမ ထိတ်လန့်တကြား ထရပ်လိုက်သည်။

“မုဟဲကောကော ညီမအကူ သွားခေါ်လိုက်အုံးမယ်။ တစ်ယောက်ယောက်လာ-အာ့!"  လည်ပင်းကို လက်တစ်ဖက်ဖြင့် ညှစ်လိုက်သောအခါတွင် သူမ ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းနိုင်ခဲ့သည်။

မုဟဲက သူမနောက်မှာ တစ္ဆေတစ်ကောင်လို ရပ်နေပြီး သူ့မျက်လုံးတွေက နီရဲနေသည်။ သူ့လက်ချောင်းများကြားတွင် ယင်ကောင်များသာရှိသကဲ့သို့ တင်းတင်းကြပ်ကြပ် ညှစ်ထားသည်။

"မု… ကယ်ပါ…” ယင်ဝူရွှမ်းက စကားမပြောနိုင်သလို နောက်ကွယ်ကလူကိုလည်း မမြင်နိုင်တာကြောင့် မုဟဲကို အကူအညီတောင်းလိုက်ရသည်။ သူမ၏ စကားလုံးများဖြင့် နှိုးဆွလိုက်သကဲ့သို့ပင် သူမ၏ လည်ပင်းကို ညှစ်ထားသော လက်များက သတိလစ်သွားသည်အထိ ပိုမိုတင်းကျပ်လာသည်။ နွမ်းနယ်နေသော ပန်းလေးတစ်ပွင့်ကဲ့သို့ တစ်ဖက်သို့လဲကျကာ သနားစရာကောင်းသော မျက်ရည်စက်များက သူမ၏မျက်နှာပေါ်တွင် စွန်းထင်းစေနေသည်။ ဒါပေမယ့် မုဟဲလက်ဖဝါးကနေ အနက်ရောင် ချီမထွက်လာခင်မှာ သူမကို ကြမ်းကြမ်းတမ်းတမ်း လွှတ်ပစ်လိုက်သည်။

သူက ယင်ဝူရွှမ်းဆီသို့ တရွေ့ရွေ့ လျှောက်လာပြီး "ငါ့ကိုနှိပ်စက်တဲ့သူတိုင်း...သေသင့်တယ်"

အပြင်မှ တံခါးများပွင့်လာပြီး အခန်းထဲသို့ လေပြင်းများတိုက်ခတ်လာသည်။

"ဘယ်သူလဲ!" မုဟဲသည် ချက်ချင်းပင် နီမြန်းသော မျက်လုံးများဖြင့် မော့ကြည့်လိုက်ပြီး သူ့လက်ဖဝါးတွင် ကြာနက်ဖြင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။ ဒါပေမယ့် တစ်စုံတစ်ယောက်က သူ့လက်ကောက်ဝတ်ကို ဖမ်းပြီး ခေါင်းကိုရိုက်လိုက်သောကြောင့် အခွင့်အရေးမရခဲ့။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now