Ch.(101) အိမ်မက်ထဲဝင်ရောက် / အိမ္မက္ထဲဝင္ေရာက္

2K 353 2
                                    

Unicode

အိပ်မက်ထဲမှာ ငါ့ကို အနိုင်ကျင့်ခွင့်ပေးမယ်များ မင်းထင်နေလား?

ရှဲ့ကျစ်ဝေ့ ခေါင်းတစ်ခြမ်းကိုက်သလို ခံစားလိုက်ရသည်။

ဒိန်ခဲနှင့် မုံ့မုံ့တို့ကို အစားထိုးထားခဲ့ပြီး ထိုလူရွှင်တော်နှစ်ဦးကို ကယ်တင်ရန် ဖိအားပေးခံခဲ့ရသည်။ မျက်နှာမဲ့မှ မျက်မြင်သက်သေများစွာရှေ့တွင် သူ၏အထောက်အထားကို ဖော်ထုတ်ပြီးနောက် ပြန်သွားရန် လုံးဝမဖြစ်နိုင်ပေ။ ထင်ရှားသည်မှာ၊ ကိုးပြည်ထောင်ဘုရင်သည် သူ၏ဖြစ်တည်မှုကို အချိန်အတော်ကြာထဲက လေ့လာသိရှိခဲ့သည်ပင်။ လွန်ခဲ့သည့် လေးနှစ်က သူနှင့် မုဟဲတို့ကြားတွင် ဆယ်ကျော်သက် ခံစားချက်များ ရှိခဲ့စဉ်ကတောင် ထိုလူဒေါသဖြစ်နေပြီဖြစ်သည်။ မုဟဲသည် သူ့အတွက်ကြောင့်နဲ့ သူ့အဖေကို ဖီဆန်နေသောကြောင့်...ဘုရင်က သူ့ကို သေစေချင်လောက်သည်။ အဲ့ဒါကြောင့် ​ပုန်းနေရမယ်။

ရှဲ့ကျစ်ဝေ့ သက်ပြင်းချလိုက်သည်။ အဲဒါက အဆိုးဆုံးမဟုတ်ပါဘူး။ မထွက်လာခင် ဇာတ်လိုက်ရဲ့ မျက်လုံးထဲက အကြည့်တွေကို သူ မမေ့နိုင်သေးပေ။ သူ့နှလုံးသားကို ကြောင်တစ်ကောင် ကြမ်းကြမ်းတမ်းတမ်း ကုတ်ခြစ်နေသလိုပင်။

'ထူးဆန်းလိုက်တာ၊ သူက ဝတ္ထုရဲ့ အဓိကဇာတ်ကောင်လေ၊ အဲ့တော့ငါ့လို ကူးပြောင်းလာတဲ့သူက ဇာတ်လမ်းကိုအလိုက်သင့် လျှောက်ပေးရုံနဲ့ အဆင်ပြေတယ်မဟုတ်ဘူးလား? ဘာလို့ငါ့ခံစားချက်တွေပါ ပါရမှာလဲ?'

သို့သော် ရိုးရိုးသားသား ပြောရလျှင် ဇာတ်လိုက်ကို ပြောင်းလဲစေပြီး ဇာတ်လိုက်ကိုထိခိုက်စေသူမှာလည်း သူ၏ကိုယ်ပိုင်အသွင်အပြင်ဖြစ်သည်။ သူ၏ ဆက်တိုက်လုပ်ဆောင်မှုများသည် လုံးဝ "အလိုက်သင့်သွားခြင်း" မဟုတ်ဘဲ ဇာတ်ဝင်ခန်းများနှင့် သရုပ်ဆောင်မှုများကို ခိုးယူမည့်ကျိန်ဆိုမှုပင် လမ်းဘေးသို့ ကျဆင်းသွားခဲ့သည်။

ရှဲ့ကျစ်ဝေ့သည် ပထမအကြိမ်တွင် သူကူးပြောင်းလာခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။ လုံးဝ သီးခြားကမ္ဘာတစ်ခုတွင် ပြန်လည်မွေးဖွားလာခြင်းဖြစ်သည်။ ပြတင်းပေါက်အပြင်ဘက်ရှိ မြို့တော်၏ စည်ကားနေသော သကြားကြော်၏ မွှေးရနံ့သည် သူ့နှာခေါင်းထဲသို့ ရောက်ရှိလာချိန်တွင် မြင်ကွင်းတွင် ဈေးအတွင်း  လူအုပ်ကို မြင်နေရသည်။ ပြတင်းပေါက်အောက်တွင် သက်ကြီးရွယ်အိုများ နံရံကပ်ကာ နေပူဆာလှုံနေချိန်တွင် ကလေးငယ်များက ဆော့ကစားနေကြသည်။ အရာအားလုံးက အစစ်အမှန်အတိုင်းပင်။ ဒီသာမန် ဖြတ်သွားဖြတ်လာတွေတောင် စိတ်အားထက်သန်စွာနဲ့ ဘဝကို ဖြတ်သန်းနေကြတာမို့ ဒါကိုဘာအကြောင်းပြချက်နဲ့ သူစိတ်ကူးယဉ်ကမ္ဘာအဖြစ် မြင်ခဲ့တာလဲ?

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now