Ch.(106) ရုတ်တရက်တိုးတက်မှု /႐ုတ္တရက္တိုးတက္မႈ

2.2K 351 3
                                    

Unicode

မသေမျိုးနတ်သားလေးမုဟဲ


ရှဲ့ကျစ်ဝေ့ ရုတ်တရက် ထထိုင်သော်လည်း သူ့နောက်ကျောမှ နာကျင်မှုကြောင့် မမျှော်လင့်ဘဲ ဒေါသတကြီး အော်ဟစ်ကာ ပြန်လဲကျသွားခဲ့သည်။ မုဟဲသည် သူ၏နှလုံးသားထဲမှ ခံစားချက်များကို နွေးထွေးစွာ မျှဝေရင်းတန်းလန်းဖြစ်နေတာကြောင့် ဒါကိုမြင်လိုက်ရတော့ သူ့မျက်လုံးများ နီရဲလာပြန်သည်။ သူက ဖြည်းညှင်းစွာထထိုင်ပြီး ခေါင်းကိုငုံ့ကာ "တပည့် ရှစ်စွမ်းကို ထပ်ပြီး မပျော်အောင် လုပ်မိပြန်ပြီ....ဟုတ်သား၊ ဘယ်သူက အိပ်မက်အကြောင်း တစ်ချိန်လုံးပြောနေမှာလဲ? ရှစ်စွမ်းတော့ ဒီတပည့်ရူးသွားပြီလို့ ထင်တော့မှာပဲ"

ရှဲ့ကျစ်ဝေ့ သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။ “လျှောက်မတွေးနဲ့။ ဆရာ….မင်းအိမ်မက်က သနားစရာကောင်းလွန်းတယ်လို့ ခံစားမိလို့ပါ”

'သေတာပဲ! ဘဝရဲ့ အတက်အကျတွေက အရမ်းမြန်လွန်းတယ်! နောက်ဆုံးတော့ စနစ်ကလူဆန်တဲ့ အရာတစ်ခုကို လုပ်လိုက်ပြီပဲ!'

ကြယ်ငါးပွင့်သည် ဇာတ်ကွက်များကိုခိုးယူရန် သူ၏အကြီးမားဆုံး တွန်းအားဖြစ်သည်။ ဘာမှ မလုပ်ဘဲနဲ့ အားလုံးကိုရသွားဖို့ သူမမျှော်လင့်ခဲ့။ ရှဲ့ကျစ်ဝေ့က ဤသည်မှာ မုဟဲသည် ဇာတ်လိုက်ဖြစ်ပြီး သူ့ကို ပံ့ပိုးပေးနေခြင်းဖြစ်ကြောင်းသိလိုက်ရသည်။

အစားထိုးမရ။ မူရင်းဝတ္ထုတွင်၊ ဤကဲ့သို့သော ခဏတာ ဇာတ်ကောင်သည် ဤမျှအထိ အမြင့်သို့မရောက်နိုင်ပါ။ ထန်ထိုက်မုံ့မှ သူ၏ရက်စက်မှုကြောင့် မုဟဲဆီမှ ထွက်ခွာသွားသည့်တိုင် တစ်ဖက်လူကတော့ "ကောင်းပြီ၊ ငါလည်းအခုကစပြီး စိတ်အနှောင့်အယှက် မဖြစ်တော့ဘူး" ဟုသာ ပြောခဲ့သည်။ ထို့နောက် နေဝင်ချိန်ဆီသို့ ပြန်လှည့်ကာ တစ်ချက်မျှ ပြန်မကြည့်ဘဲ အဝေးဆီသို့ ထွက်ခွာသွားသည်။ အဲဒါက Return of the Immortal Emperorမှာ ကျန်ခဲ့တဲ့ နောက်ဆုံးပုံရိပ်ပင်။

အခုတော့ ဇာတ်လိုက်က ရေလိုတေတဲ့ငါးလို သူ့ကိုလိုအပ်ပြီး သူမရှိဘဲ သေတော့မယ်လို့တောင် ပြောခဲ့သည်။ ဘယ်လောက်တောင် နက်နဲ၊ စိတ်နှလုံးအပြည့်နဲ့ စာပေဆန်လိုက်တဲ့ ဝန်ခံစကားလဲ? မူရင်းမင်းသမီးတောင် ဒီလောက် ဂုဏ်ထူးမရခဲ့။ ထို့ကြောင့်၊ သူသည် တစ်ကြိမ်တည်းတွင် ကြယ်သုံးပွင့်ရနိုင်သည်မှာ ယုတ္တိရှိလှသည်။ မုဟဲရဲ့ မျက်လုံးထောင့်က မျက်ရည်တွေကို ကြည့်လိုက်တော့ ရှဲ့ကျစ်ဝေ့ သူ့နဖူးကို ကိုင်ရန်လှမ်းလိုက်သည်။ ဇာတ်လိုက်၏ဇာတ်ကောင်ဆက်တင်များ ပြိုပျက်သွားသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း သူသည် မုံ့မုံ့နှင့်ဒိန်ခဲကို နောက်ကွယ်တွင် နှိပ်စက်နေဆဲဖြစ်သည်။ ရန်သူများကို သတ်သောအခါတွင်မူ မူလထက်ပင်ပို၍ ရက်စက်ကြမ်းကြုတ်လှသည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now