Ch.(15) ဝံပုလှနေကျ / ဝံပုလွေနက်

3.8K 682 7
                                    

Unicode

သတိပေးချက်- ရှစ်ကျစ်ဝေ့သည် လူတစ်ယောက်သေတာကို ရပ်ကြည့်မနေနိုင်ပါ။  OOC ကိုရှောင်ပေးပါ။

ရှဲ့ကျစ်ဝေ့က သူတို့ကို ကူညီချင်သော်လည်း မသင့်လျော်ကြောင်း သိလိုက်ရသည်။

'ဒီအခက်အခဲအားလုံးကို ဖြတ်ကျော်ပြီးတာတောင် အဲ့နေရာမှာပဲ ပြန်ရောက်တယ်။ ငါဝင်လုပ်ရင် အခိုက်အတန့်ကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားမှာပေါ့? ကိုယ်ထင်ပြလို့မဖြစ်ဘူး'

ထို့နောက် သားရဲသည် ကောင်းကင်ကို လှုပ်ခါလောက်အောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ရှဲ့ကျစ်ဝေ့ ပြန်ကြည့်ကာ ကျိန်ဆဲလိုက်သည်။ 'Sh*t၊ ဒါ ဧရာမဝံပုလွေကြီးပဲ။ ဇာတ်လိုက်ရေ၊ လက်မလျှော့နဲ့!အားး ဒါမင်းရဲ့ ယောကျာ်းဆန်မှုကြီးကို ပြသဖို့အခွင့်အရေးပဲ! ကောင်မလေးကို ကာကွယ်လိုက်!'

သစ်ပင်များ၏ အရိပ်အယောင်များက မုဟဲအမူအရာကို ဖုံးကွယ်ထားတာကြောင့် ရှဲ့ကျစ်ဝေ့ ကြားလိုက်သမျှဟာ မိန်းကလေး ငိုသံများ သာဖြစ်သည်။ "ဒါ ဘယ်လိုဖြစ်ရတာလဲ? အင်ကီ နင်ဘာဖြစ်သွားတာလဲ?" သူမ စကားပြောရင်း မုဟဲနှင့် ပိုနီးကပ်လာသည်။

နှေးကွေးသော မုဟဲသည် နောက်ဆုံးတွင် တုံ့ပြန်ပြီး နောက်ပြန်ဆုတ်သွားသည်။ “အမ၊ ခုနလေးတင် သူအကောင်းကြီးပါ၊  သူဘာလို့ မင်းကို ရုတ်တရက်ကြီး တိုက်ခိုက်ရတာလဲ"

“ငါ…မသိဘူး၊ ထူးဆန်းလိုက်တာ” ကောင်မလေးက မုဟဲကို ထိတ်လန့်စွာကြည့်သည်။

ရှဲ့ကျစ်ဝေ့လည်း ထိတ်လန့်သွားသည်။

“အမ၊ ကျွန်တော်က အသုံးမကျဘူး" မုဟဲသည် လရောင်ထဲတွင် တောက်ပနေသော မျက်လုံးများကို ဖော်ထုတ်ရင်း ခေါင်းကို မော့လိုက်သည်။ သူမျက်ရည်ကျတဲ့အထိ ကြောက်နေပုံရသည်။ သူ၏ ပတ်တီးခေါင်းနှင့် ချိုင်းထောက်နှင့် ပေါင်းစပ်ထားသောကြောင့် အလွန်အားနည်းပြီး သနားစရာကောင်းပုံရသည်။ "ကျွန်တော် မပြေးနိုင်ရင် အမကိုပါ ဆွဲချမိသလို ဖြစ်နေလိမ့်မယ်"

ကောင်မလေးက လေးလေးနက်နက် သက်ပြင်းမချခင် ဆောင့်ချက်ချလိုက်သည်။ “မကြောက်ပါနဲ့” လို့ ပြောပြီး သွားတွေကို အံကြိတ်ကာ “ငါ-နင့်ကို ကာကွယ်ပေးမယ်!”

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now