Ch.(18) ထူးဆန်းသောခံစားချက်များ / ထူးဆန္းေသာခံစားခ်က္မ်ား

4.2K 736 36
                                    

Unicode

ဇာတ်လိုက် ဘာလိုချင်​တာလဲဆိုတာ ငါပဲသိတယ်​။ သူပျော်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ငါပဲသိတယ်ဟုတ်ပြီလား!?




မုဟဲအံ့အားသင့်သွားသည်။ 'စီနီယာ နဉ့်ထင် နောက်နေတာလား။ ရှစ်စွမ်းကိုတောင် ထိလို့မရဘူးလား?' သူ မတုံ့ပြန်နိုင်ခင်မှာ သူ့ခန္ဓာကိုယ်က ရှဲ့ကျစ်ဝေ့ကို ရှောင်ခဲ့ပြီးပြီ - နဉ့်ထင်က ကြာနက်ထဲကနေ သူ့လှုပ်ရှားမှုများကို ထိန်းချုပ်နေသည်။

ရှဲ့ကျစ်ဝေ့သည် အမှန်တကယ် မစိုးရိမ်သော်လည်း မုဟဲ၏တုံ့ပြန်မှုက သူ့ကို စိတ်မချမ်းသာစေခဲ့ပေ။ 'ထင်တဲ့အတိုင်း၊ ဒီကောင် တစ်ခုခု ကြံနေတာပဲဖြစ်ရမယ်။ အပြစ်ရှိတဲ့စိတ်ကြောင့်သာမဟုတ်ရင် ငါ့ကို ဘာလို့ ရှောင်နေရတာလဲ? ဒီလောင်ဇီက ရှားရှားပါးပါး ကြင်နာပေးနေတာကိုတောင် အငြင်းခံလိုက်ရတယ်တဲ့။'

'မကောင်းတော့ဘူး။ ဇာတ်လိုက်မှာ တွန်းလှန်ရခက်တဲ့ ခေါင်းတစ်ခုရှိတယ်။ (နဉ့်ထင်ကိုပြောချင်တာပါ) ရှန်ယို့ကိုသာ တိတ်တခိုး သွားလက်စားချေလိုက်ရင် ဒီခရီးစဉ်က အလကားဖြစ်သွားမှာပေါ့?'

'ပိုမိုက်တဲ့အစီအစဥ်ကို စဉ်းစား​ပေးရမယ်။'

မုဟဲသည် ရှဲ့ကျစ်ဝေ့နှင့် နီးကပ်ရန် စိတ်ပိုင်းဖြတ်ထားပြီး နဉ့်ထင်သည် သဘာဝအတိုင်း မနှစ်သက်ခဲ့ပေ။ ဒါပေမယ့် ကြာနက်က ထွက်လာတဲ့ အေးစက်တဲ့ ရောင်ဝါက ဝိညာဥ်ပြောတဲ့အတိုင်း သူ့(MH)ကိုသက်သာစေတယ်ဆိုတာ နားလည်လိုက်သည်။ သို့သော်လည်း ရှဲ့ကျစ်ဝေ့၏ စိတ်ပျက်နေသောအမူအရာက သူ့ကို စိတ်မသက်မသာဖြစ်စေပြီး မသိစိတ်မှ သူ့လက်သူကို ပွတ်သပ်နေမိသည်။ "ရှစ်စွမ်း၊ တပည့်... တပည့် နည်းနည်းဖျားချင်သွားတာဖြစ်မှာပါ။"

"ဆရာလည်း ဒီလိုပဲထင်တယ်" ရှဲ့ကျစ်ဝေ့က သက်ပြင်းတစ်ချက် ချလိုက်တယ်။ "မင်း ရှစ်စွမ်းစကား နားမထောင်ဘဲ ရေအေးထဲတောင် သွားစိမ်လိုက်သေးတယ်။ အခုတော့ဘယ်လို ဖြစ်နေပြီလဲ ကြည့်ပါအုံး။"

မုဟဲ ပြန်ဖြေမလို့ကြံရုံရှိသေး ရှဲ့ကျစ်ဝေ့ ၏ကော်လာကို စိုက်ကြည့်မိသွားသည်။ နှစ်ပေါင်းများစွာ အစာလွတ် ကျင့်ကြံပြီးနောက် ရှဲ့ကျစ်ဝေ့၏ ခန္ဓာကိုယ်သည် သဘာဝအတိုင်း ပိန်သွားသည်။ သူ၏မီးခိုးရောင်ဝတ်ရုံသည် ထင်ထင်ရှားရှားမရှိသော်လည်း၊ ၎င်းတို့သည် သူ၏ညှပ်ရိုးပုံသဏ္ဍာန်ကို ပုံဖော်နိုင်လောက်အောင် ပါးလွှာသည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now