2.9K 490 3
Unicode
မနက်ဖက်၊ ဒီနေ့ကနေ ခုနစ်ရက်မြောက်နေ့မှာ ဒီအစေခံက တောင်ခြေရင်းက ကြွေလွင့်ပန်းမြို့မှာရှိတဲ့ ကျောက်ခုံးတံတားမှာ တာအိုဆရာလေးကို စောင့်နေပါ့မယ်။
ချုံးကျိုးယွင်၏ မျက်လုံးများသည် ထိတ်လန့်စွာ ပွင့်သွားချိန်တွင် မုဟဲဝန်းကျင်ရှိ ပြင်းထန်သော ဝိညာဉ်စွမ်းအားသည် ဒီရေကဲ့သို့ ရုတ်တရက် ဆုတ်ယုတ်သွားသည်။ ခဏကြာတော့ မုဟဲက သူ့နှုတ်ခမ်းတွေကို အတင်းပြုံးပြလိုက်သည်။  "ရှီစွမ်းက ဒီတပည့်ကို နောက်နေတာလား။"
ရှဲ့ကျစ်ဝေ့က သူ့ပုခုံးပေါ် လက်တစ်ဖက်တင်ပြီး မျက်လုံးကို တည့်တည့်ကြည့်လိုက်သည်။  "ဆရာက ဒီအကြောင်းတွေနဲ့ မင်းကိုမနောက်ဘူး"
ထို့နောက် သူသည် ချုံးကျိုးယွင်၏ အကြောများကို လေထဲတွင်ဝေ့ယမ်းကာ ပြန်ဖွင့်ပေးလိုက်သည်။ “အဲဒီတုန်းက ကျွန်တော့်တပည့် သူ့အဖေနဲ့ စကားပြောနေတာကို မိန်းကလေးလည်း ကြားမှာပါ။ သူ့အမေနာမည်ကကျောက်ရွှေပဲ၊ နည်းနည်း ရင်းနှီးတယ်မထင်ဘူးလား?"
ချုံးကျိုးယွင်သည် သူမမျက်လုံးဖွင့်ကတည်းက မုဟဲ၏မျက်နှာကို လေ့လာနေခဲ့ကာ ပိုးစုန်းကြူးတစ်ကောင်က လွင့်ပျံလာပြီး သူ့အသွင်အပြင်ကို လင်းထိန်စေသည်။ မျက်လုံးများ ပြူးကျယ်ကာ “နာမည်တူရုံလို့ပဲ ထင်ခဲ့တာ… အခု သူ့အကြည့်ထဲမှာ အမကြီးရဲ့အရိပ်အယောင်တွေလည်း တွေ့ရတယ်။"
မုဟဲသည် သံသယများဖြင့် ပြည့်နှက်နေသည့်အတွက် တိတ်တိတ်လေးသာ မျက်မှောင်ကျုံ့နေသည်။
ရှဲ့ကျစ်ဝေ့က သူ့ခေါင်းကိုနည်းနည်းလောက် ပုတ်ပေးလိုက်ပြီး ဆက်ပြောသည်။ “မင်းအဖေက မင်းရဲ့ နာမည်ရဲ့ "ဟဲ" အဓိပ္ပါယ်ကို ရှင်းပြပြီးပြီ။ မု(穆)ကကျတော့ 'ညာဘက်' (右边)ကို တင်စားထားတာ။ မင်းအမေ ချုံးကျောက်ရွှေက ညာလက်ရုံးသူတော်စင်မို့လို့ အဲ့နာမည်ပေးလိုက်တာ ဖြစ်နိုင်တယ်။"
ရုတ်တရက် ချုံးကျိုးယွင်က "ငါ့ကို လွှတ်ပေး။"
ပိုးစုန်းကြူးသည် အဝေးသို့ ပျံသန်းသွားကာ မုဟဲ၏မျက်နှာသည် နောက်တစ်ကြိမ် အမှောင်ထဲသို့ဝင်သွားသည်။ သူသည် လက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်နှင့် ကြာဖြူ၏ ပိုက်ကွန် ပျောက်ကွယ်သွားသည်။ ချုံးကျိုးယွင်သည် မီးတောက် ဖီးနစ်၏ခေါင်းကို ပွတ်သပ်ပြီး နာခံစွာ စောင့်ခိုင်းသည်။ ထို့နောက် သူမသည် သူမ၏အဝတ်အစားများကို ပြင်ဆင်ကာ ဆံပင်ကိုအလွန်သပ်ရပ်အောင် လုပ်လိုက်ပြီး ရှားပါးဂုဏ်သိက္ခာကို ထုတ်ဖော်ခဲ့သည်။
Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now