Ch.(109) ရှင်းလင်းခြင်း / ရှင်းလင်းခြင်း

1.8K 348 11
                                    

Unicode

'ဒါဆို ရှစ်စွမ်းက ဒါကိုယူပြီး...တစ်ချိန်လုံး သိမ်းထားတာလား?'


မြင်ကွင်းက လုံးဝတိတ်ဆိတ်သွားကာ လူအားလုံး ထိတ်လန့်သွားကြသည်။

မြင်မှသာယုံဆိုသလို။

ရှဲ့ကျစ်ဝေ့ အပေါ်စွပ်စွဲချက်သည် ထင်ကြေးမျှသာဖြစ်သည်။ မုဟဲဖော်ထုတ်ခဲ့သော ရတနာများနှင့် နှိုင်းယှဉ်လိုက်တော့ လူတိုင်း၏ မျက်လုံးများ အလင်းပွင့်လာခဲ့သည်။ ဤနေရာရှိ လူအများစုသည် ၎င်းတို့၏ဘဝတွင် ကြာပန်းတစ်ပါးကိုပင် မမြင်ဖူးကြပေ။ ရှဲ့ကျစ်ဝေ့သာလျှင် မုဟဲအား ကယ်တင်ရန် သွေးမြစ်ကန်သို့ ပြန်သွားတုန်းက သုံးပါးလုံးကို တစ်ပြိုင်နက် မြင်ဖူးတာဖြစ်သည်။ မုဟဲသည် သူ့ကို ချီယန်ဟု အထင်မှားကာ ဖမ်းဆီးချုပ်နှောင်ပြီး ကြာနီကို လုယူခဲ့သည်။ ရှဲ့ကျစ်ဝေ့သည် ကြာနီ၏ဆိုးကျိုးများသည် မုဟဲ၏ အတုအယောင်​ကို ပိုမိုဆိုးရွားစေသည်ဟု မတွေးတောနိုင်သည်အထိ သူ၏လုံခြုံရေးအတွက်သာ အလွန်စိုးရိမ်နေခဲ့သည်။ မုဟဲသည် သူ၏နောက်ဆုံးအောင်ပွဲမခံရမီ ရတနာများကို လူသိရှင်ကြားထုတ်ပြမည်ဟုလည်း မထင်ခဲ့ပေ။

အားလုံးက သူ့ကိုကာကွယ်ပေးဖို့ပါပဲ။

ရှဲ့ကျစ်ဝေ့သည် သူ့အား ပြုံးပြနေသော မုဟဲကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ ကြာပန်းများမှ အကြွင်းအကျန်အလင်းရောင်သည် အချိန်ခရီးသွားရုပ်ရှင်၏ အထူးပြုလုပ်ချက်များကဲ့သို့ သူ၏ပါးပြင်ကို ဖြတ်ကျော်သွားသည်။ အကြောင်းတစ်ခုခုကြောင့် ရှဲ့ကျစ်ဝေ့သည် သူ့အတိတ်ဘဝကို သတိရသွားခဲ့သည်။

ထိုနေရာတွင် မုဟဲနှင့်တူသော ယောက်ျားတစ်ယောက်ရှိသည်။ သူလည်း တစ်ချိန်က သူ့ကို ပြုံးပြခဲ့ဖူးသည်။ ဒါပေမယ့် ထိုအပြုံးက သူ့ကိုယ်သူ အရှက်ရအောင်လုပ်မိကာ သူ့အလုပ်ကျဆင်းလာပြီး ကားမှောက်ကာ အလောင်းကို မီးမသဂြိုလ်ခင်တုန်းကပင်။

ထိုကဲ့သို့သော အပြုံးသည် ယခု မုဟဲ၏ မျက်နှာထက် အဆပေါင်း တစ်သိန်း ပိုဆိုးလှသည်။

'သူတို့နှစ်ယောက်ကို တူညီတဲ့ ပုံစံခွက်ကနေပဲ ထွင်းထုထားတာ အသိသာကြီးကို' ရှဲ့ကျစ်ဝေ့ တွေးမိသည်။ 'ဒါပေမယ့်ဘာလို့ ဟယ်ကျန့်ပြုံးတော့ ရွံမုန်းမိပြီး မုဟဲပြုံးတော့ ချောတယ်လို့ ထင်ရတာလဲ?'

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now