Ch.(132) ဆုံးဖြတ်ချက် / ဆုံးျဖတ္ခ်က္

1.5K 278 3
                                    

Unicode

"ကမ္ဘာပေါ်က အလှဆုံးရှုခင်းတွေ ဖြစ်လာမှာပဲ"

အခြားတစ်ဖက်တွင်မူ မူဟဲသည် အံ့အားသင့်သွားပုံရပြီး ခဏတာမျှ မတုံ့ပြန်ခဲ့ပေ။

ရှဲ့ကျစ်ဝေ့၏ လည်ချောင်းထဲတွင် ပိတ်ဆို့သွားသလို ခံစားလိုက်ရသည်။ “တပည့်….အဆင်ပြေရဲ့လား?”

မုဟဲ ချောင်းဆိုးသည်။ “ပြေပါတယ်၊ တပည့်က အရမ်းတော်တာပဲဟာ၊ ရှစ်စွမ်း စိတ်ပူစရာမလိုပါဘူး"

"ပြေတယ်?" မင်းအဆင်မပြေဘူးဆိုတာ အသိသာကြီးကို၊ ဘယ်သူကမင်းကိုယုံမှာလဲ?

ရှဲ့ကျစ်ဝေ့၏ ပါးစပ်လှုပ်သွားသော်လည်း ဘာမှပြန်မပြောနိုင်။ သူကသာအဖြေကို ရှင်းရှင်းလင်းလင်း သိလျှက်နဲ့မေးလိုက်သူပင်။

အမှောင်ထဲတွင် မုဟဲသည် အလျင်စလို ပြောလာသည်။ "အရင်နေ့က အိပ်မက်ရှုခင်းကို ဖျက်လိုက်တာတပည့် နောင်တရသွားတယ်။ ရှစ်စွမ်းက တပည့်အတွက် ရက်ပေါင်းများစွာ အပင်ပန်းခံပေးနေတာကို တပည့်က ပြဿနာရှာနေတုန်းပဲ။ တပည့်အမှားကို သိပါပြီ၊ တပည့်ရှစ်စွမ်းကို ဘယ်တော့မှ စိတ်မဆိုးတော့ပါဘူး။ ရှစ်စွမ်း စိတ်မဆိုးပါနဲ့နော်....ရှစ်စွမ်း ဒီတပည့်ကို ဒေါသထွက်သွားလို့ မနေ့ညက အိပ်မပျော်တာလား?"

“မဟုတ်ဘူး” ရှဲ့ကျစ်ဝေ့က ပြန်ဖြေသည်။

မုဟဲအသံမှာ တုန်ခါလာသည်နှင့်အမျှ သတ္တိအားလုံး ဆုံးရှုံးသွားပုံပင်။ "ဒါဆိုရှစ်စွမ်း ဒီတပည့်ကို မတွေ့ချင်လို့ မအိပ်တာလား?"

"ငါမင်းကိုမတွေ့ချင်တာမဟုတ်ဘူး တွေ့လို့မရတာ" ရှဲ့ကျစ်ဝေ့က ချက်ချင်းပြန်ဖြေလာသည်။ “ဆရာက မင်းရဲ့ဝိညာဉ်စွမ်းအားတွေ အကုန်သုံးမိမှာစိုးလို့ပါ”

မုဟဲသည် ဤအဖြေကို မမျှော်လင့်မိဘဲ ချုပ်တည်းရန် ကြိုးစားသော်လည်း သူ့အသံမှာ ပို၍ပင် တုန်လှုပ်လာသည်။ "ရှစ်စွမ်း တကယ်အဲ့လိုထင်တာလား?"

“အင်း”

မုဟဲက သူ့အဖြေအပေါ် တိုးညှင်းစွာ ရယ်မောလိုက်သည်။

အရမ်းမှောင်လွန်းလို့ ကိုယ့်လက်ကိုယ်တောင် မမြင်ရတော့။ ရှဲ့ကျစ်ဝေ့ရှေ့က အမှောင်ထုမှာ ရုပ်ရှင်တစ်ကား၏ မူပိုင်စခရင် ဒါမှမဟုတ် မီးရှူးမီးပန်း အကြွင်းအကျန်များ ဒါမှမဟုတ် နိုးထခါနီး နက်ရှိုင်းစွာ ငိုက်မျဉ်းနေသော အနက်ရောင်ပင်ဖြစ်သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now