Ch.(77) ပထမအနမ်း / ပထမအနမ္း

3.8K 558 59
                                    

Unicode

ငါ...အရမ်းကြိုက်တယ်

ဒီစာကြောင်းကိုပြောဖို့ ရှဲ့ကျစ်ဝေ့ ဘယ်လောက်သတ္တိစုခဲ့ရလဲဆိုတာ ငရဲပဲသိလိမ့်မည်။ ဒါ​ပေမယ့်​ ပြီးသွား​တော့...သူ​တော်​​တော်​ စိတ်​​အေး​ချမ်းသွားသလို ခံစား​ရသည်။ သူသည် အေးစက်ပြီး မောက်မာသောလေထုဖြင့် လှည့်လိုက်ပြီး တစ်ဖက်သူကသူ့ကို ပိုင်ကျန့်ကျူးထက် ပိုရက်စက်သည့်နည်းလမ်းဖြင့် ချေမှုန်းမည်ကို စောင့်ဆိုင်းနေခဲ့သည်။

စက္ကန့်တွေကြာလာသည်နှင့်အမျှ သူ့နောက်ကလေက ငြိမ်သက်သွားသည်။ ရှဲ့ကျစ်ဝေ့သည် ဇာတ်လိုက်၏ လက်ရှိစရိုက်ကြောင့် ချက်ချင်းကြီးပေါက်ကွဲရန် မဖြစ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်းသိသောကြောင့် သူဆက်လက်စောင့်ဆိုင်းနေခဲ့သည်။

မိနစ်တွေကြာသွားပေမယ့် မုဟဲကမလှုပ်သေးပေ။ တစ်ခုခုမှားနေတာကို ခံစားလိုက်ရပြီး ရှဲ့ကျစ်ဝေ့ နောက်ပြန်လှည့်ကြည့်တော့ မုဟဲရဲ့ ခန္ဓာကိုယ်တစ်ဝိုက်မှာ ကြာနီရဲ့ဒေါသနဲ့ ရောထွေးနေတဲ့ ချီလှိုင်းလုံးတွေကို တွေ့လိုက်ရသည်။ ယုတ္တိရှိရှိပြောရလျှင် ကြာပန်းသုံးပါးသည် ဇာတ်လိုက်၏ခန္ဓာကိုယ်တွင်းတွင် ကောင်းစွာပေါင်းစည်းထားသင့်သောကြောင့် ကြာနီသည် ၎င်း၏လူသတ် ချီကိုပြသသည့်တစ်ခုတည်းသောပန်းမဟုတ်ပေ။ ဘာတွေဖြစ်နေတာလဲ?

ချက်ခြင်းပင်၊ ရှဲ့ကျစ်ဝေ့၏လက်ကို မဆုပ်ကိုင်မီ မုဟဲ၏ မျက်လုံးများ ပွင့်လာသည်။ သူ့ဆရာကို မြင်လိုက်သည်နှင့် ကြည်လင်သော မျက်လုံးများသည် မှေးမှိန်သွားကာ လျင်မြန်စွာ ပျောက်ကွယ်သွားမည့် အိပ်မက်တစ်ခုလို ဂရုတစိုက် စစ်ဆေးကြည့်​နေသည်။ သူ့အမူအရာက အရမ်းချစ်ဖို့ကောင်းပေမယ့် အခြေအနေအရတော့ နည်းနည်းစိတ်ဝေဒနာရှင်နဲ့တူသည်။ မုဟဲ၏ အခြားလက်တစ်ဖက်က ရှဲ့ကျစ်ဝေ့၏ ပြူးကျယ်သော မျက်လုံးများဘေးမှ ရွေ့သွားပြီး ရုတ်တရက် ပါးကို ပွတ်သပ်လိုက်သည်။ ရှဲ့ကျစ်ဝေ့ တံတွေးမမျိုချဘဲမနေနိုင်။ တစ်ဖက်သူဘာလုပ်နေမှန်း သူ မခန့်မှန်းနိုင်— သူ့ဉီးနှောက်က အဲ့လောက် မကောင်းပေ။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now