Ch.(111) အရှက်ရဖွယ် / အရွက္ရဖြယ္

2.3K 336 5
                                    

Unicode

"သူက ငါ့တပည့်ပါ၊ ဒါကြောင့် သူ့ကို တစ်ချက်ကြည့်တာနဲ့ ငါသိတယ်"


သူမ၏ပြောဆိုချက်ကြောင့် ရှဲ့ကျစ်ဝေ့ အံ့သြသွားခဲ့သည်။

ထန်ထိုက်မုံ့က “ကျွန်မတို့ လွန်ခဲ့တဲ့ လေးနှစ်လောက်က တွေ့ခဲ့တယ်မလား?”

ရှဲ့ကျစ်ဝေ့ အေးခဲသွား၏။ ဒီလိုအချိန်မျိုးမှာ မင်းသမီးရဲ့ မှတ်ဉာဏ်ပြန်ရလာဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ချုကျစ်ရှစ်က ဇဝေဇဝါဖြစ်ပြီး "ဘာလွန်ခဲ့တဲ့ လေးနှစ်လဲ? အာ့ရှစ်ရှုန်းက လွန်ခဲ့တဲ့ လေးနှစ်လောက်က တောင်ပေါ်ကနေ တစ်ခါပဲဆင်းဖူးတာကို။ ဘယ်မှာတွေ့တာလဲ?"

“တာအိုဂိုဏ်း” ထန်ထိုက်မုံ့က “ကောင်းကင်မြို့အပြင်မှာ” ဟု ဖြည်းညှင်းစွာပြောသည်။

ထန်ထိုက်မုံ့သည် ဗုဒ္ဓဘာသာဂိုဏ်း၏ တစ်ဦးတည်းသော အမျိုးသမီး တပည့်ဖြစ်ပြီး မဟာဆရာကြီးတုရှန်း၏ အကြီးတန်း တပည့်ဖြစ်သည်။ သူမသည် ပင်ကိုယ်အရည်အချင်းရှိပြီး လှပသောရုပ်ရည်ရှိသောကြောင့် ကျင့်ကြံရေးလောကတွင် ကျော်ကြားခဲ့သည်။ လူတိုင်းကသူမကို မဟာဆရာကြီးတုရှန်းက မြစ်ကမ်းပါးကနေ ကောက်ယူခဲ့တဲ့ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ သနားစရာမိန်းကလေးအဖြစ် သိကြသည်။

ရန်ကျစ်ဖေးက ရှဲ့ကျစ်ဝေ့ကို ကြည့်လိုက်သည်။ "ကျစ်ဝေ့ ဘာဖြစ်တာလဲ?"

“ဒီကိစ္စက…” ရှဲ့ကျစ်ဝေ့ တုံ့ဆိုင်းသွားသည်။

'သေပြီ၊ ဘယ်လိုရှင်းပြရမလဲ? ဇာတ်လိုက် မုံ့မုံ့မြစ်ထဲ ပြုတ်ကျသွားရတဲ့ သံသယအရှိဆုံးသူပဲ။ ငါသူမကို ကယ်ချင်ပေမယ့် မလှုပ်နိုင်လောက်အောင် ဓားမူးနေပြီး ဇာတ်လိုက်ကလည်း အဲဒီတုန်းက ရေဘဝဲလို တွယ်ကပ်နေတာလေ'

မုံ့မုံ့သည် မူရင်းဝတ္ထုတွင် အလွန်ပင် တရားသေယူဆတတ်သော မိန်းကလေးဖြစ်သည်။ အတိတ်မေ့သွားပြီးနောက် သူမသည် ရိုးသားကာ တုံးအလာသော်လည်း ယခု သူမ၏မှတ်ဉာဏ်များ ပြန်လည်ရရှိလာသောအခါ အပြုံးမပျက်၊ အေးစက်ပြီး သီးခြားနေတတ်သော နတ်ဘုရားမအဖြစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

Too Bad Master Died Early [Mm translation] {Completed}Dove le storie prendono vita. Scoprilo ora