Ch.(137) Extra II

2.5K 355 14
                                    

Unicode

သူ့ကိုအောက်ပို့သင့်တယ်!


ခဏအကြာ၊ ကောင်းကင်နေမြို့တော်တွင်...။

တပည့်အချို့သည် ငွေကို စည်းကမ်းတကျ ရေတွက်နေကြသည်။ မုဟဲကအာရုံခွဲကာ သူတို့ကို ကြီးကြပ်ရင်း ရှဲ့ကျစ်​ဝေ့ကို ပြုံးပြနေသည်။

"အာ့ရှစ်ရှုန်း၊ ကျွန်တော်တော့တော်ပြီ။ ကောအမြဲတမ်း ဒီလိုပေါ်လာရတာကို ပျော်​နေလား? ဒါကိုသာနောက်တစ်ကြိမ် ထပ်လုပ်ရင်…ကျွန်တော် ယုံမှာမဟုတ်တော့ဘူး။ တကယ်ပါပဲ၊ ရှစ်ရှုန်းနဲ့တခြားလူတွေလာမှ ဘယ်လိုရှင်းပြမလဲ ကြည့်လိုက်! လေးနှစ်! ထပ်ပြီးလေးနှစ်တောင်! တကယ်ကို အေးဆေးနေနိုင်တာပဲနော်!"

ချုကျစ်ရှစ်က အရုပ်ဆိုးသောအမူအရာဖြင့် မေးခွန်းတွေဆက်မေးပြီး စားပွဲကိုရံဖန်ရံခါ ရိုက်ချလိုက်သည်။ ရှဲ့ကျစ်​ဝေ့လည်းအာရုံခွဲကာ နားထောင်နေရင်း မုဟဲကို ပြုံးပြနေကြသည်။ သူတို့နှစ်ဦးသည် အခြားအချိန်များတွင် ပုံမှန်သာဖြစ်သည်၊ တစ်ယောက်က တိတ်ဆိတ်နေတတ်ပြီး အလွန်နူးညံ့လှသည်၊ တစ်ယောက်မှာ ကြင်နာတတ်၊ ချစ်စဖွယ်ကောင်းပြီး မသေမျိုးတစ်ယောက်ပင်။ ဒါပေမယ့် သူတို့ အကြည့်ချင်းဖလှယ်လိုက်တိုင်း သူတို့ရဲ့မျက်လုံးတွေက ပျားရည်တွေလို ယုံချင်စရာမရှိအောင် ချွဲပျစ်နေတော့သည်။

ချုကျစ်ရှစ်က အဲ့လောက်ဒေါသမထွက်ဘဲ နားပူနားဆာလုပ်နေရုံသာ။ သူပြီးသွားသောအခါ မြင်ကွင်းကိုအလွန် စိမ်းသက်နေတော့သည်။ ကမ္ဘာပေါ်တွင် နှစ်ပေါင်းတစ်ရာနီးပါး နေထိုင်လာသူတစ်ဦးအနေဖြင့် ဝတ်ရုံလက်ပြတ်များအကြောင်းကို ကြားဖူးသော်လည်း ၎င်းတို့ကိုဝတ္ထုပုံပြင်များအဖြစ်သာ ရိုးရိုးရှင်းရှင်း သဘောထားခဲ့သည်။ သူ့ဘေးမှာ ဒီလိုပေါ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့။ သူအပျက်အစီးများထဲမှ မုဟဲနှင့် ရှဲ့ကျစ်​ဝေ့ကိုရှာဖွေရန် လူအုပ်ကြီးနှင့်အတူ ယင်အိမ်တော်သို့လိုက်သွားပြီးနောက် မြင်ခဲ့ရသောမြင်ကွင်းကို ဘယ်တော့မှမမေ့နိုင်ပေ။

သူကောင်းကောင်းသိတဲ့ အာ့ရှစ်ရှုန်းဟာ မီးလောင်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ခံခဲ့ရပြီး လူသားမဟုတ်တော့တဲ့အထိ သူ့မျက်နှာက လုံးဝကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ရသည်။ ထိုကြေကွဲဖွယ်အခြေအနေမှာ ရှစ်သိတစ်ယောက်အနေနဲ့တောင် ဆံပင်မွှေးထောင်သွားရတဲ့အထိ အလွန်ဝမ်းနည်းကြေကွဲစရာပင်။ ဒါပေမယ့် မုဟဲဟာအရိုးစုကို သူနဲ့တစ်သားတည်းဖြစ်စေလိုသလို ပွေ့ဖက်ပြီး ဆုပ်ကိုင်ထားခဲ့သည်။ တခြားသူတွေရှေ့မှာတောင် နမ်းလိုက်ပါသေးတယ်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now