Ch.(49) အဆိပ်လက္ခဏာ / အဆိပ္လကၡဏာ

2.7K 511 26
                                    

Unicode

ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သည့် ဒဏ္ဍာရီတစ်ခုသည် ထာဝရတည်ရှိနေမည်ဖြစ်သည်။

ဗရုတ်သုတ်ခ မြင်ကွင်း​ကြောင့် အကုန်တိတ်ဆိတ်သွားသည်။

မုဟဲ၏ နဖူးပေါ်ရှိ သွေးကြောများ ပေါက်ထွက်သွားသလို နထင်ကြောများ တွန့်သွားသည်။

ရှဲ့ကျစ်ဝေ့ အသက်ရှုကြပ်ပြီး လူအုပ်ရှေ့မှာ တည့်တည့်မတ်တပ်ရပ်ဖို့ ကြိုးစားပေမယ့် သူ့ရင်ထဲက နာကျင်ကိုက်ခဲမှုတွေက သူ့ကို ထိတ်လန့်သွားစေသည်။ ချုကျစ်ရှစ်က သူ့ပခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။

"ကောဘာဖြစ်တာလဲ။ ချီယန်က ဒဏ်ရာရအောင်လုပ်သွားတာလား" ဟုစိုးရိမ်တကြီးမေးသည်။

ရှဲ့ကျစ်ဝေ့အား အလယ်တွင် ဝန်းရံရန် လူအုပ်ကြီးက လျင်မြန်စွာ စုရုံးလာကြသည်။ ဒါဟာ သူအရမ်းအာရုံစိုက်ခံရတာ ပထမဆုံးအကြိမ်ဖြစ်နိုင်တာကြောင့် ပိုမိုကောင်းမွန်တဲ့ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းထားသင့်သည်။ သို့သော် ချုကျစ်ရှစ်အား ခေါင်းယမ်းပြပြီးနောက် သူသည် အားများ ဆုံးရှုံးသွားပြီး အစိတ်စိတ်အမွှာမွှာ ကွဲနေသော တိုင်ကို ကျောမှီကာ မြေပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားခဲ့သည်။ သူ့ပတ်ဝန်းကျင်က လူတွေအကုန်လုံးက သူ့အမြင်အာရုံထဲတွင် ကူးခတ်နေကြသည်။

၀တ်စုံဖြူဝတ်လူငယ်တစ်ဦးသည် လူအုပ်ကြားထဲ တွန်းဝင်လာပြီး လမ်းကိုဖြတ်လျှောက်လာသည်။ ထိုသူသည် အလုံးအရင်းကိုဖြတ်၍ လမ်းကြောင်းတစ်ခုကို အတင်းဖွင့်နေသော်လည်း ရှဲ့ကျစ်ဝေ့သည် ကျန်ရှိခဲ့သောသူများ၏ ထိတ်လန့်တကြားအော်ဟစ်သံကိုသာ ကြားလိုက်ရသည်။ သူ့မျက်ခွံတွေက မော့ကြည့်ဖို့တောင် ခွန်အားမရှိတော့ပေ။

တစ်စုံတစ်ယောက်သည် ကျောက်တုံးထက် ပိုမိုပျော့ပျောင်းပြီး နွေးထွေးသော အရာတစ်ခုပေါ် သူ့ကိုညင်သာစွာ တင်ပေးခဲ့သည်။ ခဏကြာတော့ နှလုံးခုန်သံ ပြင်းပြင်းကို ကြားလိုက်ရသည်။

ရှဲ့ကျစ်ဝေ့က ခေါင်းမော့ပြီး "အငယ်ဆုံးရှစ်သိ?"

အဲဒီလူက "ရှစ်စွမ်း၊...တပည့်ပါ" လို့ ပြန်ဖြေသည်။

Too Bad Master Died Early [Mm translation] {Completed}Où les histoires vivent. Découvrez maintenant