Ch.(75) ကျိုးသွားပြီ / က်ိဳးသြားၿပီ

2.4K 485 13
                                    

Unicode

မင်းက....ဘယ်သူလဲ?



"နာသေးလား" မုဟဲက ပြုံးပြီး မေးသည်။

ပိုင်ကျန့်ကျူး၏ မျက်လုံးများသည် ဒေါသကြောင့် ပြူးကျယ်သွားသည်။ "မင်း ဆိုးဆိုးရွားရွားသေသင့်တယ်!" သူ၏မျက်လုံးများသည် သွေးလိုနီရဲနေပြီး ခြောက်သွေ့နေသော မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းသော မြွေဆိုးကဲ့သို့ သွေးပြန်ကြောများဖြင့် ဖုံးအုပ်နေသည်။ ရလဒ်အနေဖြင့် သူ့နှုတ်ခမ်းမှ ကြမ်းတမ်းသော စကားလုံးများ ထွက်ပေါ်လာသည်။

သို့သော် မုဟဲသည် မကြားသလို ဟန်ဆောင်ကာ သူ့အင်္ကျီလက်မှ တစ်စုံတစ်ခုကို ထုတ်ယူပြီး ပြုံးလိုက်သည်။ "ဒါဘာလို့ထင်လဲ?"

'အဲ့ပိုင်အမည်ခံကို ကိစ္စတုံးဖို့ အဆိပ်များလား?' ရှဲ့ကျစ်ဝေ့ တွေးလိုက်သည်။ 'မဟုတ်လောက်ဘူးမလား?'

ပိုင်ကျန့်ကျူးကလည်း ဒီလိုပဲ တွေးပြီး ရယ်မောလိုက်သည်။ "ဘာ..ကောင်းမှာမို့လို့လဲ.. မင်းက... အရမ်းရက်စက်လွန်းတယ်..."

“မှားတယ်” မုဟဲ၏လက်ချောင်းများက သူ့လက်ထဲမှ ပုလင်းကို အသာအယာ ဆုပ်ကိုင်လိုက်ရာ ရွှံ့စေးဒွန်ပေါ်တွင် သွေးစွန်းထင်းနေခဲ့သည်။ “ဒါက ဧကရာဇ်မင်းမြတ်ရဲ့ ဥယျာဉ်ထဲက ပန်းတစ်ရာ ပျားရည်ပဲ။ ဒါလေးရဖို့ လူဘယ်နှယောက်လောက် အသက်ဆုံးရှုံးခဲ့မယ်ထင်လဲ?”

"မင်း...ဘာလုပ်မလို့လဲ"

"ဆောင်းဦးရာသီက ပိုအေးလာတော့ မြေပြင်ပေါ်က ပုရွက်ဆိတ်လေးတွေ အစာစားဖို့ နေရာမရှိတော့ ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်လဲ" မုဟဲသည် အဆို့ကို ဖြည်းညှင်းစွာ ဖြည်လိုက်သည်။ “သူတို့ကို ဒီအချိန်မှာ အသားတချို့ မြည်းစမ်းခွင့်ပေးလိုက်တာက ကုသိုလ်ကောင်းမှုလုပ်တယ်လို့ မှတ်လို့ရတယ်"

ရှဲ့ကျစ်ဝေ့ ရင်တုန်သွားသလို ခံစားလိုက်ရသည်။ ဒါက မူရင်းဝတ္ထုရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပေမဲ့ ရှဲ့ကျစ်ဝေ့ရဲ့ အုတ်ဂူကို တူးဖော်ပြီး ဘေးချင်းကပ်လျက် ဖြစ်ပျက်နေတာကို တွေ့ရတာ ထူးဆန်းလွန်းသည်။ ဒါတွေအကုန် သူမသေခင်လျှာရှည်ပြီး ကလဲ့စားချေဖို့ ပြောခဲ့တာ​ကြောင့်လား?

Too Bad Master Died Early [Mm translation] {Completed}Место, где живут истории. Откройте их для себя