Ch.(23) အတိတ် / အတိတ္

3.5K 564 4
                                    

Unicode

မင်းဇာတ်လမ်းလေးပြောပါအုံး။

အနည်းဆုံး ရှန်ယို့သည် အသက်ဝင်လာပုံရသည်။ ရှဲ့ကျစ်ဝေ့က Gallant Outlaw ကို ဆွဲထုတ်ပြီး သတ်ပစ်ချင်နေသည်။ သူက သူတွေ့ဖူးပြီးသား ဇာတ်ကောင်တွေကို တိုင်းတာပြီးသားဖြစ်သည်။ - ရန်ကျစ်ဖေးဟာ ဒေါသသိပ်မထွက်ဘဲ တည်ငြိမ်တယ်၊ စွမ်းအားကြီးပြီး မတ်တပ်ရပ်ရုံနဲ့ တခြားသူတွေကို ကြောက်ရွံ့ထိတ်လန့်စေသည်။ ချူကျစ်ရှစ်သည် တစ်လက်မလောက်ရဖို့ တစ်မိုင်လောက်သွားမည့် လူဖြစ်သည်။ သို့သော်လည်း တပည့်ထောင်ပေါင်းများစွာရှိခြင်းကြောင့် လွယ်လွယ် နောက်ဆုတ်တတ်သည်။ ပိုင်ကျန့်ကျူးနှင့် ပိုင်ယွီတို့သည် မူလက အမုန်းတရားများကို တိုးပွားအောင်လုပ်ရန် ဖန်တီးထားသော ဗီလိန်များဖြစ်သောကြောင့် စာအုပ်ထဲတွင် အဓိကဇာတ်ကွက်များပါရှိခြင်းမှာ မထူးဆန်းပေ။

သို့သော် sidestoryထဲက ပဲငံပြာရည် ဇာတ်ကောင် ရှန်ယို့ပင်လျှင် အလွန်အေးစက်ပြီး ကွဲပြားနေသည်!

မင်ခုန်းသည် ရှန်ယို့ကို လေးစားစွာ ဦးညွှတ်လိုက်သည်။  “ဂိုဏ်းခေါင်းဆောင်၊ ရှဲ့အကြီးအကဲက သံစဉ်မခံစားနိုင်လို့ ဒီမှော်က သူ့အပေါ် မထိရောက်ဘူး။ ဒီငယ်သား အသုံးမကျပါဘူး၊ ဂိုဏ်းခေါင်းဆောင် အပြစ်ပေးပါ။"

ရှန်ယို့က သူ့ကို လှည့်ကြည့်သည်။

မင်ခုန်းက အောက်ကိုငုံ့ပြီး  “ဒီလက်အောက်ငယ်သားက ရှဲ့အကြီးအကဲက တခြားဂိုဏ်းတွေရဲ့ အဆင့်အတန်းမြင့် ပုဂ္ဂိုလ်တွေကြားမှာ ဒီလို အထူးပုဂ္ဂိုလ်ဖြစ်လာမယ် မထင်ထားဘူး။ ရှဲ့အကြီးကဲကို ဂီတမှာလည်း ထူးချွန်သူဖြစ်မယ် ထင်ထားတာ၊ စာအုပ်ပဲဖတ်တဲ့သူဖြစ်မယ်လို့ ကျွန်တော်မထင်ထားဘူး…”

ရှဲ့ကျစ်ဝေ့ ဆက်နားမထောင်နိုင်တော့။ မင်ခုန်းသည် လက်အောက်ငယ်သားအနေဖြင့် သစ္စာစောင့်သိကြောင်း ပြ​နေသည်ကို သိသော်လည်းဧည့်သည်ကို လူရှေ့သူရှေ့ ရှုံ့ချဖို့ လိုအပ်လေသလား? 'ငါ သံစဉ်မခွဲနိုင်တော့ ဘာဖြစ်လဲပြော? လဲကျသွားတဲ့ကောင်တွေ အကုန် ဂီတပညာရှင်တွေပဲ မဟုတ်ဘူးလား? ကြည့်ရတာ မင်ခုန်းရဲ့ ဆူညံသံနဲ့ ပေါင်းထားတဲ့ ဝိုင်နဲ့ လူတွေကို အိပ်ငွေ့ချလိုက်သလိုပဲ။ ဂီတကို ပိုနားလည်လေလေ၊ ပိုကြာကြာ အိပ်ပျော်လေ ပဲပေါ့။'

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now