Ch.(16) အငြင်းပွားမှု / အျငင္းပြားမႈ

4K 635 12
                                    

Unicode

မူရင်းဝတ္ထုမှာ နာမည်တောင် မဖော်ဖူးတဲ့ နှံကောင်ငယ်လေးပဲကောင်းရော။

ရှဲ့ကျစ်ဝေ့၏ နှစ်ပေါင်းများစွာ ကျင့်ကြံမှုကြောင့် သူ၏စစ်မှန်သော ချီ သည် မည်သည့်တိုက်ခိုက်မှုမှမဆို သူ့ခန္ဓာကိုယ်ကို အလိုအလျောက် ခုခံနိုင်သည်။ သူ့အဝတ်အစားတွေသာ သွေးတွေ စွန်းထင်းနေပေမယ့် သူကိုယ်တိုင်ကတော့ အားလုံးအဆင်ပြေနေတယ်၊  နှိုင်းယှဥ်ကြည့်လျှင် မုဟဲသည် ခေါင်းမှ ခြေဖျားအထိ စိုစွတ်နေ၏။ သူ့နှာခေါင်းထဲသို့ သွေးနံ့များ ပြည့်လျှံကာ တစ်ဆို့လုနီးပါး ဖြစ်သွားသည်။ တစ်စက္ကန့်မျှပင် သူ့ရန်သူ ပိုင်ကျန့်ကျူးနှင့် ပိုင်ယွီတို့၏ သွေးများအဖြစ် မြင်လိုက်ရပြီး သူ့နှလုံးသားနှင့် ဝိညာဥ်ကို ပူလောင်စေခဲ့သည်။

'တစ်နေ့သူ ဒီစိတ်ကူးကို လက်တွေ့ဖြစ်လာအောင် လုပ်ပစ်မယ်!'

ရှဲ့ကျစ်ဝေ့သည် သူ၏ စိုစွတ်နေသော ၀တ်ရုံများ၏ ခံစားချက်ကို မုန်းတီးသော်လည်း ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ပေ။ “သွေးလူသား” မုဟဲကို ပြန်ကြည့်လိုက်တော့ ချက်ခြင်းပင် သက်သာသွား၏။ "မင်းအဆင်ပြေရဲ့လား?"  သဘောကျစွာမေးသည်။

“တပည့် ဘာမှမဖြစ်ပါဘူး" မုဟဲက ခေါင်းညိတ်သည်။ လရောင်အောက်မှာ ရှဲ့ကျစ်ဝေ့ရဲ့ ဝတ်ရုံပေါ်က အစွန်းအထင်းတွေကို မြင်လိုက်ရတော့ သူက "ရှစ်စွမ်းရဲ့ ၀တ်စုံတွေ ညစ်ပတ်နေပြီ..."

'မင်းငါ့ကိုသတိမပေးစရာမလိုဘူး! ငါသိတယ်!'

(T/N: အယ်ကိုကစိတ်ကြီးပဲ ဟွန့်)

ရှဲ့ကျစ်ဝေ့ ပြုံးလိုက်သည်။ “ကိစ္စမရှိပါဘူး။” '$ရမ်းညစ်ပတ်လိုက်တာ ၊ ပြန်ရောက်တာနဲ့ ရေတန်းချိုးရမယ်။ ဒီဝံပုလွေနက်သွေးက ဘာလို့ ဒီလောက် ညစ်ပတ်ပြီး နံနေရတာလဲ။ ဘာလို့ မုဟဲကြည့်ရတာ သဘောကျနေသလို ဖြစ်နေရတာလဲ။ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာတဲ့ ဇာတ်လိုက်ဖြစ်တာ အံ့သြစရာမရှိတော့ဘူး! အရမ်းသန်လွန်းတယ်!'

သူသည် လျှို့ဝှက်ဆန်းကြယ်သော လူငယ်အား “ဒီမိတ်ဆွေလေးက ဘာလို့ငါတို့ကို ဒုက္ခရောက်အောင် လုပ်ရတာလဲ မသိဘူး” 'Systemရဲ့ OOC စည်းမျဉ်းတွေကြောင့်သာ မဟုတ်ရင်၊ ငါမင်းကို အခုပဲ သတ်ပစ်လိုက်မှာကွ!'

Too Bad Master Died Early [Mm translation] {Completed}Donde viven las historias. Descúbrelo ahora