Ch.(29) ဖော်ထုတ်ခံရခြင်း / ေဖာ္ထုတ္ခံရျခင္း

2.9K 487 5
                                    

Unicode

စန်းယွင်ခွေးသွေးဇာတ် (ဒုတိယပိုင်း)

မုဟဲသည် ဤတစ်ကြိမ်တွင် အချိန်ကို အနည်းငယ်ရွှေ့လိုက်သည်။

သူ့ရှေ့က မြင်ကွင်းတွေက မှုန်ဝါးဝါးဖြစ်လာပြီး မင်ခုန်းရဲ့ ပန်းတိုင်ဖြစ်တဲ့- ရှန်ယို့နှင့် ပိုနီးကပ်ရန်နေရာတွင်ရပ်လိုက်သည်။ မင်ခုန်းသည် လက်ရှိတွင် ဓားတစ်ချောင်းကိုကိုင်ထားပြီး သစ်ကိုင်းတစ်ကိုင်းကို စူးစူးစိုက်စိုက် ထွင်းထုနေသည်။ အဝေးတွင် ရှန်ယို့က သူ့လက်ထဲက တစ်ခုခုကို စိုက်ကြည့်ရင်း တခြားသစ်ပင်အောက်မှာ ရပ်နေသည်။ သူ့မျက်ခုံးများ ကျုံ့နေပြီး မပျော်မရွှင်ဖြစ်နေပုံရသည်။

ရှဲ့ကျစ်ဝေ့ အနီးကပ် စေ့စေ့ကြည့်ရင်း ရှန်ယို့၏လက်ထဲတွင် ကျိုးနေသော ဝါးအစိတ်နှစ်ပိုင်း ရှိသည်ကိုတွေ့လိုက်ရသည်-ပုလွေအကျိုးအပဲ့ ဖြစ်နိုင်လောက်သည်။

ရှန်ယို့ကို မကြည့်မီ မင်ခုန်းသည် အနည်းငယ် မြန်မြန်ထွင်းထုပြီး ရုတ်​တရက်​ အော်​လိုက်​သည်​။

ရှန်ယို့က လှမ်းကြည့်လိုက်သည်။ "ဘာလဲ?"

မင်ခုန်း အမြန်ပြန်လှည့်လိုက်သည်။ "ဘာမှမဟုတ်ဘူး၊ ဘာမှမဟုတ်ပါဘူး။"

ရှန်ယို့၏ မျက်ခုံးများ တွန့်သွားကာ အနီးနားရှိ သစ်ခွတစ်ပင်ကို စိုက်ကြည့်နေသည်။ မင်ခုန်း၏ လှုပ်ရှားမှုများက သူ့နှုတ်ခမ်းဆီသို့ အပြုံးတစ်ခု ပေါ်လာသည်အထိ မြန်လာသည်။ ခဏကြာတော့ သူက "ရှန်ရှစ်ရှန်း ပြီးသွားပြီ။ ကြည့်ပါအုံး။"

ရှန်ယို့၏ပြန်ကြားချက်သည် အလွန်နှေးကွေးသည်။ သူလှည့်ဖို့ပြင်လိုက်တဲ့အခါ လေထုထဲက နောက်ထပ်အသံတစ်ခုထွက်ပေါ်လာသည်။ "မင်းကိုတော်တော်ရှာရအောင်လုပ်တာပဲနော် လန်ရှို့။" လေသံက ကြမ်းတမ်းသော်လည်း ထွက်လာသောအသံသည် ပျော့ပြောင်းသွားကာ အသံအေးပြီး ပျင်းရိဖွယ်ကောင်းစေသည်။

ပြောစရာမလိုအောင်၊ ၎င်းမှာ နဉ့်ထင်ဖြစ်သည်။

ကျောက်ခုံတန်းလျားမှ မတ်တပ်မရပ်မီ မင်ခုန်း၏ အမူအရာမှာ ဖြူဖျော့လာသည်။ ရှန်ယို့က ပြန်မဖြေဘဲ လက်ထဲမှ ကျိုးနေသော ပုလွေကိုသာ ဆုပ်ကိုင်ထားသည်။ နဉ့်ထင် ဆင်းလာပြီး သူ့အခြေအနေကို မြင်လိုက်ရသည်။ သူကချောင်းဟန့်ပြီး စကားပြောရန် ပြင်နေချိန်တွင် မင်ခုန်းကရုတ်တရက် ဂါဝရပြုလာသည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now