Ch.(71) အခက်အခဲများ /အခက္အခဲမ်ား

2.1K 442 11
                                    

Unicode

မင်းမျက်နှာကို အက်ဆစ်လောင်းမယ်လို့ ပြောပေမယ့် မင်းရဲ့မျက်နှာကို အရင်ကြည့်ဖို့ မှန်တစ်ချပ်ပေးရင် အက်ဆစ်ရဲ့ နာကျင်မှုကို မေ့သွားမှာလား?'



ချုံးကျိုးယွင်သည် သူမ၏နားထင်ရှိ ရှုပ်ယှက်ခတ်နေသော ဆံပင်အနည်းငယ်ကို ပွတ်သပ်ရင်း လက်ပိုက်လိုက်သည်။ သူမ တစ်ချက်ကြည့်လိုက်ကာ “သူက ကျွန်မတူမှန်းရှင်လည်း သိသားပဲကို ဘယ်လိုလုပ် သူ့အပေါ် ဘယ်လို ကြံစည်ရမှာလဲ” လို့ ဆုံးမသည်။

“အဲဒါကြောင့် သိချင်တာလေ” ရှဲ့ကျစ်ဝေ့သည် ဇာတ်ကြောင်းနှင့်ပတ်သက်ပြီး သူသိထားသောအရာများကို ယုတ္တိနည်းဖြင့် ရောနှောကာ လေးနက်သောလေထုကို ထုတ်ဖော်လိုက်သည်။ “ငါလို့ အပြင်လူတောင်မှ မင်းရဲ့တူလေးက ချီယန်ကို သတ်ချင်နေတာဆိုတာ ပြောနိုင်တယ်။ ဆိုလိုတာက သူကြာနီကို လက်လွှတ်မှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီအချိန်မှာ မင်းက အချိန်မီတိုက်ခိုက်ပြီး ချီယန်ကို မတော်တဆ သတ်ပစ်ခဲ့တယ်။ ငါလည်း ကြာနီကို ခိုးယူမိခဲ့တယ်၊ ဒါကြောင့် မင်းမှာ အမှန်တရားကို ဖုံးကွယ်ဖို့ ငါ့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး”

ချုံးကျိုးယွင်က မရယ်ခင် ခဏရပ်လိုက်သည်။ “စိတ်ညစ်စရာပဲ။ ရှင်ရုတ်​တရက်​ကြီး အတည်ပေါက်ကြီး ပြောလာတော့ မနေတတ်တော့ဘူး။ ဒါပေမယ့်… ပြောမရလောက်အောင်တော့ ဆွဲဆောင်မှုရှိသားပဲ။ ရှင့်မျက်နှာကြောင့်သာ...အဟွတ်၊ ကျွန်မရှင့်ကို စွဲလန်းသွားနိုင်တယ်"

ဒီအမျိုးသမီးရဲ့ ​မြှောက်ပြောနိုင်စွမ်းကတော့ ပထမအဆင့်ပင်။ ရှဲ့ကျစ်ဝေ့သည် ဝတ္ထုထဲမှ မိန်းမများ၏ ကိုယ်ရည်ကိုယ်သွေးကိုသာ နားမလည်ပါက၊ သူမ၏ စူးရှတဲ့အကြည့်များအပေါ် အရှုံးပေးလိုက်နိုင်သည်။ သူ့မျက်နှာက မတုန်လှုပ်။ "မိန်းကလေး ဘာကိုကြောက်နေလဲ မေးလို့ရမလား?"

“ဒါဆို အရှင်ကရော ဘာကြောက်နေတာလဲ” ချုံးကျိုးယွင်က ပြန်ပစ်လိုက်သည်။

"မင်းဘာကိုဆိုလိုတာလဲ?" ရှဲ့ကျစ်ဝေ့ လန့်သွားသည်။

ချုံးကျိုးယွင်က ပြုံးလိုက်သည်။  “တုံးချင်ယောင် မဆောင်ပါနဲ့။ ရှင်က ကျွန်မတူကို ပိုကြောက်နေပုံရတယ်"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now